วันพฤหัสบดีที่ 30 เมษายน พ.ศ. 2558

ဧည့်သည်

" ဧည့်သည် "

လာတုန်းကလည်း တစ်ယောက်တည်းနော် ၊
လက်တွဲ ခေါ်ကာ ဖေါ်မပါဘူး ၊
ဥစ္စာချည်နှီး တစ်ကိုယ်တည်း ။

ပြန်သွားတော့လည်း တစ်ယောက်တည်းနော် ၊
လက်တွဲခေါ်ကာ ဖေါ်မပါဘူး ၊

ဥစ္စာချည်နှီး တစ်ကိုယ်တည်း ၊
လာပြီးတော့နား မသွားသေးခင် ၊
ချိန်လေးတွင်းမှာ ဝန်းကျင်ယှက်နွယ် ၊
နှောင်ကြိုးသွယ်ခဲ့ ပြုံးရယ်မဲ့ငို ချစ်မုန်းပိုကြ ၊
မလိုဒေါသ လိုလောဘနှင့် ၊
ဘဝရိပ်မြုံ ကကြိုးစုံခဲ့ ။

ကံကုန်မိုးချုပ် လက်တွဲးဖြုတ်ကာ ၊
သုတ်သုတ်ဆောလျှင် ခရီးနှင်သည် ၊
တို့တတွေဧည့်သည်ပါတကား..... ။

( ကျေးဇူးတော်ရှင်မင်းကွန်းဆရာတော်ကြီးဘုရားကြီး
ဦးဝိစိတ္တသာရာဘိဝံသ )

วันพุธที่ 29 เมษายน พ.ศ. 2558

မရှိချမ်းသာ ဗလာနတ္ထိ ----------------------- လူချမ်းသာဖြစ်ချင်တယ်။စည်းစိမ်ဖြိုးမောက် ဘုန်းတန်ခိုးတောက်ချင်တယ်။ သို့ပါသော်လည်း။စားစား သွားသွား နားနားနေနေ စိတ်ကလေးချမ်းသာစေမည့်အခြေအနေကောင်းကိုရချင်မိတယ်။ သို့ပါသော်လည်း။ချစ်ခင်စုံမက်မခွဲအတူနေချင်တယ်။ သို့ပါသော်လည်း။ရသမျှထက်ပိုတမ်းတမိတယ်။ ပေးသမျှထက်ပိုရချင်ပြန်တယ်။ သို့ပါသော်လည်း။သိသမျှထက်ပိုတတ်ချင်တယ် တတ်သမျှထက်ပိုသိချင်တယ်။ သို့ပါသော်လည်း။အစစအရာရာအဆင်ပြေချင်တယ်။ သို့ပါသော်လည်း။ဖြစ်သမျှအကုန်ကောင်းချင်ရင် ကောင်းသည်ထက်ပိုလို့ကောင်းချင်ရင်အကြောင်း ကောင်းတွေပြည့်စုံဖို့လိုတယ်ဆိုတာမေ့နေမိတယ်။ ကိုယ့်ဖာသာကိုယ်လုပ်ရမယ်ဆိုတာတော့သိတယ် ဘာတွေကို ဘယ်လိုစိတ်ထားနဲ့ဘယ်လိုကောင်းဖို့ လုပ်ရမယ်ဆိုတာမေ့နေမိတယ်။ မြတ်ထေရ်ရှင်တရားခန္ဓာမှာဉာဏ်အားစိုက်စဉ် သိမြင်လိုက်ပါပြီ။အကျိုးတွေကိုခဝါချတတ်မှ ပြတ်စဲခြင်းဖြင့်စုတေမယ်။ ယခုအနေထားမှာလွတ်မြောက်စေတာအသိနဲ့အရှိ  အစပ်ကြားမှာဉာဏ်အားစိုက်လို့။အကျိုးတွေပယ်၍ အကြောင်းပွားစဉ်သိစရာဖြစ်သာသိ။ သို့ပါသော်လည်းမရှိ။ ငြိမ်းအေးခြင်းဟာဗလာနတ္တိမျှပါတကား။ AsL. Credit to စိတ်ပြူတင်းပေါက်

အနာဂါတ် ဒီမိုကရေစီ နိုင်ငံတော်

မြန်မာနိုင်ငံသူ နိုင်ငံသားများအနေနဲ့မိမိ
တို့ လက်ဝယ်သို့ မိမိတို့ နိုင်ငံတော်ကြီး
ရဲ့တာဝန်ကို လူတိုင်းလူတိုင်းပုံဖော်နိုင်တဲ့အခွင့်အလမ်းတွေ ရောက်ရှိလာပြီဖြစ်တဲ့အတွက်
စစ်အာဏာရှင်စနစ်ဟောင်းတွေပပျောက်ပြီး မိမိတို လိုချင်တောင့် တနေကြသော ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲနီးလာပြီ ဖြစ်တဲ့အတွက်
နိုငိငံရေးအကင်းပါးကြစေလိုပါတယ်

ကင်ဆာဖြစ်ပွားမှုနှုန်း မြင့်တက်စေနိုင်သော နေ့စဉ်စားသောက်နေကျ အစားအစာအချို့ ကျွန်တော်တို့လူသားများ နေ့စဉ်နေထိုင်စားသောက်မှု ပုံစံပြောင်းလဲလာသည်နှင့်အမျှ ကင်ဆာရောဂါဖြစ်ပွားမှု အနေအထားလဲ တဖြည်းဖြည်း မြင့်တက်လာတာ ကို တွေ့ရှိရပါတယ်။ ပီးတော့ ကျနော် တို့မြန်မာနိုင် ငံကလည်း ကင်ဆာဖြစ်ပွားမှုအများဆုံး နိုင်ငံစာရင်းမှာ နံပါတ် ၂နေရာက လိုက်ပါတယ်။ အရည်အသွေးမပြည့်မီတဲ့ စားသောက် ကုန်တွေကြောင့် ဖြစ် ပွားရခြင်းကအဓိ က နေရာက ပါဝင်နေသလို တချို့မထင်မှတ်ထားတဲ့ စားသောက် ကုန်တွေကြောင့်လည်း ဖြစ်ပွားစေနိုင်ပါသေးတယ်။ပတ်ဝန်းကျင် ညစ်ညမ်းမှု၊ နေ့စဉ်စားသောက်နေထိုင်မှု (life Style) ကိုလိုက်၍ အဓိက ဖြစ်ပွားတတ်ပြီး ကင် ဆာကြောင့် အချိန်မတိုင်မီ အသက်ဆုံးရှုံးရသည်များလည်း ဒုနှင့်ဒေးပင်။ အောက်ဖော်ပြပါ အစားအသောက်အချို့ကတော့ ကင်ဆာရောဂါဖြစ်ပွားမှုကို မြင့်တက်စေကြောင်း သုတေသန စမ်းသပ်ချက်များအရ သိရပါသည်။ (၁) ရယ်ဒီမိတ် အစားအစာများ ၀က်ပေါင်ခြောက်၊ ၀က်အူချောင်း၊ Hot Dog စတဲ့ အစားအစာမျိုးတွေမှာ တာရှည်ခံအောင် ပြုလုပ်ထားဖို့ ဆိုဒီယမ် နိုက်ထရိတ်လို ဓာတုပစ္စည်းတွေပါဝင်တတ်ပြီး အဲ့ပစ္စည်းတွေက ကျွန်တော်တို့ကို ကင်ဆာရောဂါ ဖြစ်ပွားစေနိုင်ပါတယ်။ (၂) ပေါက်ပေါက် တော်တော်များများ ကြိုက်သလို ကျနော်တို့လည်း ကြိုက်တဲ့ အစားအစာတစ်ခုပါ။ ဗိုက်ဆာလည်းဝါး၊ အပျင်းပြေ၀ါး၊ ရုပ်ရှင်ကြည့်ရင်းလည်းဝါးတဲ့ စားစရာတစ်ခုပါ။ ဒါပေမယ့် မကောင်းတဲ့ အချက်ကတော့ ပေါက်ပေါက်မှာ ပန်ခရိယကင်ဆာ နဲ့ မြုံစေ(မျိုးတုံး) စေတဲ့ ဓာတုပစ္စည်းတွေပါဝင် ပါတယ်တဲ့။ ဒါ့အပြင် ပေါက်ပေါက်လုပ်ရာမှာ ပါဝင်တဲ့ diacetyl ဆိုတဲ့ ဓာတုပစ္စည်းကလည်း အဆုတ်ကင်ဆာ အဓိက ဖြစ်ပွားစေတဲ့ carcinogen တစ်ခုပါတဲ့။ (၃) ဆိုဒါပါဝင်သောအချိုရည်များ (Soda Pop) ဆိုဒါပါဝင်တဲ့ အချိုရည်တွေကတော့ အများအားဖြင့် သံဘူးနဲ့ထည့်ထားတဲ့ အချိုရည် အများစုပါ။ ဈေးကွက်မှာ နေရာတော်တော်များများရယူထားတဲ့ စားသောက်ကုန်ပစ္စည်းတစ်ခုလည်းဖြစ်ပါတယ်။ သူကတော့ ကင်ဆာဆဲလ်တွေ ပျံ့ပွားတာကို အားပေးပါတယ်တဲ့။ ဒါ့အပြင် Soda Pop မှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေ၊ ဆိုးဆေးတွေကလည်းကင်ဆာဖြစ်ပွားစေနိုင်ပါသေးတယ်။ (၄) ဖြူဖွေးနေတဲ့အထိသန့်စင်ထားတဲ့သကြား (Refined Sugar) ကျနော်တို့ငယ်ငယ်တုန်းက မြင်ဖူးနေကြသကြားဟာ ညိုတိုတို လေးတွေရယ်။ သဘာဝအရောင်ပေါ့။ နဲနဲကြီးလာတဲ့အချိန်မှာ တွေ့ရတာကတော့ ဖြူဖွေးနေတဲ့ သကြားတွေဖြစ်ဘာတယ်။ လူတွေကလည်း အရောင်ဖြူတော့ သဘောပိုကျ၊ အ၀ယ်လိုက်လာတာပေါ့လေ။ Refined Sugar တွေဟာ သဘာဝသကြားတွေထက် အင်ဆူလင် ပမာဏကို ပိုမိုမြင့်တက်စေပြီး ကင်ဆာဆဲလ်တွေ ကိုပိုမို ပျံ့ပွားစေနိုင်ပါတယ်တဲ့ ။ (၅) ဓာတုပစ္စည်းများပါဝင်သည့် အသီးအနှံများ သဘောင်္သီး၊ငှက်ပျောသီး၊သရက်သီး စတဲ့ အဲ့လိုအသီးအနှံတွေကို ဆေးထိုးပြီး မမှည့်သေးခင်ရောင်းတာမျိုးကို ဈေးထဲမှာ မကြာခဏ ကြုံရဖူးပါတယ်။ မသိပဲဝယ်လာပြီးမှ နှမြောလို့ စားလိုက်တာမျိုး မလုပ်သင့်ပါဘူး။ အဲ့လိုအသီးတွေက ကျနော်တို့ကို ကင်ဆာဖြစ်စေနိုင်ပါတယ်တဲ့။ အကောင်းဆုံးကတော့ Organic အသီးတွေဆိုပြီး အာမခံချက်ရှိတဲ့ အသီးအနှံ တွေက အကောင်းဆုံးပါပဲ။ (၆) အရက် အလွန်အကျွံသောက်ခြင်း ပျော်ချင်လို့ပဲသောက်သောက်၊ စိတ်ညစ်လို့ပဲသောက်သောက်၊ အပေါင်းအသင်းစုံလို့ပဲသောက်သောက် တန်ဆေးလွန်ဘေးပါ။ တန်ဆေး၊လွန်ကောင်း၊များ very good မဟုတ်ပါဘူး။ အရက်ကလည်း ကင်ဆာဖြစ်ပွားနိုင်ခြေကို မြင့်မားစေပါတယ်တဲ့

ပြည်ပတွင် အလုပ်သွားလုပ်လိုသည့် မြန်မာထက်ဝက် အလယ်တန်းပညာရေး မပြီးဆုံးဟု ILO စစ်တမ်းဖော်ပြ

ရန်ကုန်၊ ဧပြီ ၂၈

ပြည်ပတွင် သွားရောက်လုပ်ကိုင် လိုသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ ထက်ဝက်မှာ အလယ်တန်းပညာရေး ပြီးဆုံးခြင်း မရှိခဲ့ကြောင်း တိုင်းဒေသကြီး နှစ်ခုနှင့် ပြည်နယ်တစ်ခုတွင် ကောက်ယူခဲ့သည့် စစ်တမ်းအရ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ၏ အာရှနှင့် ပစိဖိတ်ဒေသ ဆိုင်ရာရုံးမှ ဒေသဆိုင်ရာ အကြံပေး Ben Harkins က ပြောကြားသည်။

မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ ထက်ဝက်ခန့်မှာ အလယ်တန်း ပညာရေး ပြီးဆုံးခြင်း မရှိခဲ့ကြောင်း မန္တလေး၊ တနင်္သာရီတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ၂၀၁၄ ခုနှစ် ဇန်နဝါရီ လနှင့် ဖေဖော်ဝါရီလ တို့တွင် ကောက်ယူခဲ့သည့် ရွှေ့ပြောင်းအလုပ်သမား ဆိုင်ရာ စစ်တမ်းတွင် ဖော်ပြသည်။

တက္ကသိုလ်ပညာရေး ပြီးဆုံးခဲ့သူ ၂၂ ရာခိုင်နှုန်းခန့်မှာလည်း ဝင်ငွေပိုမို ကောင်းမွန်သည့် ပြည်ပနိုင်ငံများတွင် သွားရောက်လုပ်ကိုင်ရန် ပြင်ဆင်နေသ ဖြင့် ဦးနှောက်ယိုစီးမှုနှင့် ဦးနှောက်ပြုန်းတီးမှုများ ဖြစ်ပေါ်နေရာ နိုင်ငံအတွက် စိုးရိမ်စရာကောင်းကြောင်း Ben Harkins က ဆိုသည်။

စစ်တမ်းကောက်ယူမှုအရ ပြည်ပသို့ သွားရောက်လုပ်ကိုင်လိုသူ၏ ၅၀ ရာခိုင်နှုန်းမှာ လုပ်ခလစာ မြင့်မားမှုကြောင့် ဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီးမှ ရွှေ့ပြောင်းလုပ်သားများမှာ ယင်းနေရာတွင် အလုပ်အကိုင် ရရှိနိုင်သော်လည်း ဝင်ငွေရရှိမှု မြင့်မားမှုကြောင့် ပြည်ပတွင် ရွှေ့ပြောင်းသွားလာခြင်း ဖြစ်ပြီး ရှမ်းနှင့် တနင်္သာရီတို့တွင် အလုပ်အကိုင် ရှားပါးမှုကြောင့် သွားရခြင်းဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

ရွှေ့ပြောင်း သွားရောက်လုပ်ကိုင် လိုသူများကို စစ်တမ်းကောက်ယူမှုအရ တနင်္သာရီတိုင်း ဒေသကြီးတွင် ဖြေဆိုသူများ၏ ၃၉ ရာခိုင်နှုန်း၊ ရှမ်းပြည်နယ်က ၃၅ ရာခိုင်နှုန်းမှာ အလုပ်လက်မဲ့ ဖြစ်ကြောင်း Ben Harkins က ရှင်းပြသည်။

ပြည်ပတွင် ရွှေ့ပြောင်းလုပ်ကိုင်လိုသည့် မြန်မာများတွင် အသက် ၁၈ နှစ်မှ ၂၄ နှစ်ကြားရှိသူ ၅၅ ရာခိုင်နှုန်းရှိပြီး အသက် ၁၅ နှစ်မှ ၁၇ နှစ်အထိ ၃ ရာခိုင်နှုန်း ပါဝင်နေကြောင်း ရွှေ့ပြောင်း သွားလာလိုသူများကို ကောက်ယူထားသည့် စစ်တမ်းတွင် ဖော်ပြထားသည်။ 

စစ်တမ်းကောက်ယူရာတွင် အသက် ၁၅ နှစ်မှ ၄၅ နှစ်အတွင်း ရှိသည့် ၂ နှစ်အတွင်း ရွှေ့ပြောင်းအလုပ်သမား ဖြစ်လာနိုင်သူ ၆၂၅ ဦးကို မေးမြန်းခဲ့ပြီး ရွှေ့ပြောင်းလုပ်ကိုင်ပြီး ပြန်လာသူများ၊ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများ နှင့်လည်း ဆွေးနွေးခဲ့သည်။


သိပြီလား?

ကဲ..သိပြီလား..
==========
အဖော်ရှိတုန်းက အဖော်နဲ့ထိုင်တယ်...
အဖော်မရှိတော့ တစ်ယောက်တည်းထိုင်တယ်
ဂရုစိုက်မဲ့လူရှိတုန်းက ဂရုစိုက်ခံတယ်...
ဂရုစိုက်မဲ့လူမရှိတော့ ကိုယ့်ကိုယ်ကို ဂရုစိုက်တယ်
ချစ်တယ်ဆိုတုန်းက အကောင်းဆုံးချစ်တယ်...
မချစ်တော့ဘူးဆိုတော့လဲ အကောင်းဆုံး လွတ်လပ်ခွင့်ပေးလိုက်တယ်
တစ်ချို့အရာတွေက တောင်းပန်လို့မရဘူး တောင်းဆိုလို့မရဘူး ရပ်တန့်လို့မရဘူး...
ထွက်သွားမယ့်အရာတွေက ထွက်သွားမှာပဲ
ကိုယ့်ကိုကိုယ်မှ စိတ်ချမ်းသာအောင် မထားရင်...
ဘယ်သူကမှ တသက်လုံး စိတ်ချမ်းသာအောင်ထားနိုင်မှာ မဟုတ်ပါဘူး...

วันอังคารที่ 28 เมษายน พ.ศ. 2558

ဒလတွင် သောက်သုံးရေခပ်ရာမှ စကားများရန်ဖြစ်ကာ လူသတ်မှုဖြစ်၊ ၂၇ ဦးကို ဖမ်းဆီး ရန်ကုန်၊ ဧပြီ ၂၈ ဒလမြို့နယ် ဓနိတောကျေးရွာတွင် ဧပြီလ ၂၇ ရက် ည ၉ နာရီခန့်က သောက်သုံးရေကန်မှ ရေခပ်သည့်ကိစ္စ စကားများ ရန်ဖြစ်ကာ နေအိမ်တစ်လုံး ဖြိုဖျက်ခံရပြီး မိသားစုဝင်လေးဦး ရိုက်နှက်ထိုးကြိတ်ခံ ရသောကြောင့် အသက် ၂၇ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး သေဆုံးကာ သုံးဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး ပြစ်မှုကျူးလွန်သူဟု ယူဆရသူ အမျိုးသား ၂၇ ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း ဒလ မြို့မရဲစခန်းထံမှ သိရှိရသည်။  “သောက်ရေလာခပ်တဲ့ မိန်းကလေးကို ကန်ဘေးက နေအိမ်က ဆဲဆိုမောင်းထုတ်ခဲ့ရာက ရန်ပွဲ စဖြစ်တာ။ အိမ်ခြေ ၃၁ လုံးရှိတဲ့ ဓနိတောရွာ နေသူတွေက ဒီရေကန်ကို အားထား သုံးနေရတာကို သူတို့မိသားစုပိုင် ရေကန် ဆိုပြီး ရေလာမခပ်ခိုင်းလို့ ရွာထဲက အမျိုးသားတွေ အကုန်လုံး တုတ်တွေ အုတ်ခဲကျိုးတွေ ကိုင်ပြီး အဲဒီမိသားစု နေအိမ်ကို ဝိုင်းဖြိုဖျက်ပြီး လူတွေကိုပါ ရိုက်နှက်ခဲ့တာ။ လူအုပ်ကြီးက အရမ်းများတော့ ဘယ်လိုမှ ထိန်းမနိုင်ခဲ့ဘူး” ဟု ခနောင်/ရှမ်းစု ကျေးရွာအုပ်စု ဓနိတော ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကြည်အေးက ပြောကြားသည်။ အဆိုပါ လူအုပ်စုဖွဲ့၍ နေအိမ်ဖြို ဖျက်ကာ ရိုက်နှက်ထိုးကြိတ်ခံရသည့် မိသားစုမှာ ဓနိတောကျေးရွာထိပ်တွင် နေထိုင်သည့် အသက် ၄၅ နှစ်အရွယ်ရှိ ဦးကျော်တင့်တို့ မိသားစုဖြစ်ကြောင်း၊ ယင်းနေ့ ညနေ ၆ နာရီက ရေလာခပ်သူ အမျိုးသမီးငယ်ကို ဆဲဆိုခဲ့ရာမှ အမျိုးသမီး အချင်းချင်း စကားစတင်များခဲ့ကြောင်း ယင်းကျေးရွာနေသူများထံမှ သိရှိရသည်။  “ရေခပ်တဲ့ ကလေးမကို ဆဲလို့ ရွာကမိန်းမတွေနဲ့ သူတို့အိမ်က မိသားစုတွေ တစ်ယောက်တစ်ခွန်း စကားများနေတာ။ စကားများနေချိန်မှာ သူတို့အိမ်ထဲက တစ်ယောက်က ခဲနဲ့ထုလိုက်လို့ ရွာသား တစ်ယောက် ခေါင်းကွဲသွားခဲ့ပြီး သိပ်မကြာဘူး ရွာလုံးကျွတ် အမျိုးသားတွေ တုတ်တွေ၊ ခဲတွေ ကိုင်ထွက်လာပြီး သူတို့ မိသားစုကို ဝိုင်းရိုက်လို့ ရဲစခန်းကို ဖုန်းဆက် အကြောင်းကြားခဲ့ရတယ်” ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကြည်အေးက ပြောကြားသည်။ ဓနိတောကျေးရွာမှ အမျိုးသားများက တုတ်၊ ခဲ များဖြင့် ဦးကျော်တင့်တို့ မိသားစုကို ဝိုင်းရိုက်နှက်ခဲ့သောကြောင့် ဦးကျော်တင့်တို့ မိသားစုမှာ လယ်ကွင်းဘက်သို့ ထွက်ပြေးခဲ့ကြောင်း၊ ယင်းနောက် သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့က ရောက်ရှိလာပြီး ထွက်ပြေးသူမိသားစုကို လိုက်လံရှာဖွေခဲ့စဉ် လယ်ကွင်းအတွင်း ဦးခေါင်းပေါက်ပြဲဒဏ်ရာများဖြင့် သေဆုံးနေသည့် ဦးကျော်တင့်၏ ညီဖြစ်သူ ကိုကျော်သူ၏ ရုပ်အလောင်းကို တွေ့ရှိကာ ကျန်မိသားစုဝင် သုံးဦးမှာ မျက်နှာနှင့် ခန္ဓာကိုယ်အနှံ့ ဖူးရောင်ပေါက်ပြဲ ဒဏ်ရာများဖြင့် တွေ့ရှိခဲ့ကြောင်း ဒလမြို့နယ် ရဲတပ်ဖွဲ့ မှ ရဲမှူးရဲမြင့်က ဆိုသည်။  “ဒဏ်ရာရသူတွေကို ရန်ကုန် ဆေးရုံကြီး ပို့ထားတယ်။ ရိုက်နှက် လူသတ်မှုဖြစ်စဉ်မှာ ပါဝင်တယ်လို့ မျက်မြင်တွေရဲ့ထွက်ဆိုချက်အရ ဓနိတောကျေးရွာက အမျိုးသား ၂၇ ယောက်ကို ဖမ်းဆီး စစ်ဆေးနေတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။ အဆိုပါ အမှုနှင့် ပတ်သက်ပြီး ဓနိတောကျေးရွာတွင် နေထိုင်သူ အသက် ၃၅ နှစ်အရွယ်ရှိ ဦးအောင်ကျော်ညွန့် အပါအဝင် အမျိုးသား ၂၇ ဦးတို့ကို ဒလမြို့နယ် ပျော်ဘွယ်ကြီး နယ်မြေ ရဲစခန်းမှ (ပ) ၆၈/၁၅၊ ပုဒ်မ ၃၀၂/ ၄၅၂/ ၃၂၅/ ၃၃၆/ ၄၂၇/ ၂၉၄/ ၁၁၄ တို့ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

စာနယ်ဇင်း ဘာလဲ ဆရာကြီး ရွှေဥဒေါင်းကို စာရေးဆရာကြီး အဖြစ်နဲ့သာ ကျွန်တော်တို့ တွေ့မြင်နေလေ့ ရှိကြတယ်။ တကယ်တော့ ဆရာကြီး ဟာ ထူးခြား ထက်မြက်တဲ့ သတင်းစာဆရာကြီး တဦးလည်း ဖြစ်တယ် ဆိုတာ အမှတ်မထားမိသလို ရှိတတ်ကြတယ်။ ဆရာကြီးဟာ ၁၉၁၆ ကုန်မှာ ရတနာပုံ ဝတ္ထု ရေးပြီး စာရေးဆရာ ဖြစ်လာခဲ့တယ်။ ၁၉၁၇ ဆန်း သူရိယ သတင်းစာမှာ အယ်ဒီတာ ဖြစ်လာခဲ့တယ်။ ဆရာကြီး ရဲ့ သတင်းစာဆရာ သက်တမ်းဟာ ၁၉၆၈ လုပ်သား ပြည်သူ့နေ့စဉ် သတင်းစာ အယ်ဒီတာချုပ် ဘဝက အငြိမ်းစားယူတဲ့ အချိန် အထိ ကာလ တောင်တာ ရှည်ခဲ့တယ်။ ‘မည်သည့်ကိစ္စနှင့် ဖြစ်စေ၊ မည်သူကြိုက်ကြိုက် မကြိုက်ကြိုက် မှန်သည်ကိုသာ ဝန်ခံရေးသားလို ၏’ ဆိုတာဟာ ဆရာကြီးရဲ့ သတင်းစာဆရာ ဘဝ မူဝါဒပဲ။ ‘မှာသည်ထင်လျှင် ဖုံးဖုံးဖိဖိ မလုပ်ချင်၊ ကျွန်ုပ် လပ်လှမ်းမီသလောက် ဖော်ထုတ် တင်ပြရမှ ကျေနပ် တတ်သည်။ ဤအတွက်ကြောင့် မိတ်ဆွေနည်းလျှင်လည်း ကိစ္စ မရှိ၊ သစ္စာတရားကိုသာ မိတ်ဆွေဖွဲ့ချင်သည်’ ဆိုတာက ဆရာကြီး ရဲ့ သတင်းစာဆရာ ဘဝ ယုံကြည်ချက် ကြေညာစာတမ်းပဲ။ ဒီလို နှစ်ပေါင်းငါးဆယ်ကျော် လုပ်ကိုင်လာခဲ့တဲ့ သတင်းစာဆရာ ဘဝအပေါ်မှာ ဆရာကြီး ဘယ်လို ကောက်ချက်ချသလဲ၊ ထင်မြင်သလဲ၊ ခံစားသလဲ။ ဆရာကြီး သတင်းစာလောက က အနားယူတော့မယ် ဆိုတော့ ဆရာကြီး ရဲ့ သဘောထားကို ကျွန်တော်တို့ လူငယ်တွေ အခွင့်အလှည့် သင့်တိုင်း မေးကြမြန်းကြ လုပ်ကြတာပေါ့။ ဆရာကြီးက အင်းမလုပ်၊ အဲ မလုပ်ဘဲ ခပ်မဆိတ် နေခဲ့တယ်။ တနေ့တော့ ရန်ကုန်မြို့လယ် ယောက်လမ်းမှာ နေတဲ့ ဆရာကြီး အိမ်ကို ကျွန်တော် ရောက်သွားတယ်။ စကားစမြည် ပြောပြီး ပြန်ခါနီးတော့ ဆရာကြီးက ‘ရော့.. ကိုဝင်းတင်’ ဆိုပြီး စာရွက်ကလေး တရွက်လှမ်းပေးတယ်။ အင်္ဂလိပ်လို ရေးထားတဲ့ စာရွက်၊ စာက တကြောင်းတည်း ရယ်။ စာနယ်ဇင်းလုပ်ငန်း အပေါ်မှာ ဆရာကြီး ရဲ့ ထင်မြင်ချက်လို့ ဆိုနိုင်တဲ့ စာတကြောင်းပဲ ဖြစ်ပါတယ်။ ဆရာကြီး ရဲ့ စာကို ကျွန်တော် ဖတ်ကြည့်တယ်။ သဘောမပေါက်ဘူး၊ အ အဓိပ္ပာယ်ကတော့ ရိုးရိုးစင်းစင်း ပါ။ ရိုးစင်းလွန်းလို့ နားမလည်နိုင်သလို ဖြစ်ရတယ်။ လွယ်လွယ်လေးနဲ့ မရှင်းလင်းလို့ မြှုပ်ကွက် တခုခုတော့ ပါနေပြီဆိုတာ သဘောပေါက်လိုက်တယ်။ ဒါပေမယ့် ဆရာကြီးကို ပြန်မေး မနေတော့ဘူး။ မေးရင်လည်း ဆရာကြီးက ဖြေမှာ မဟုတ်ဘူး။ ဆရာကြီးရဲ့ ဉာဉ်ကို ကျွန်တော် သိတယ်။ ဆရာကြီး က သူလည်း စဉ်းစားတယ်၊ သူတပါးကိုလည်း စဉ်းစားစေချင်တယ်။ သူက စဉ်းစားစေချင်လို့ ပြောတဲ့ စကားတခွန်းကို ဦးနှောက်ကြောတင်းအောင် မစဉ်းစားဘဲ ခွန်းတုံ့ပြန် မေးနေရင် မကြိုက်ဘူး၊ ပြန်လည်း မဖြေဘူး။ နှစ်ပေါင်း နှစ်ဆယ်က ဆရာကြီး ရေးပေးခဲ့တဲ့ စာရဲ့ အဓိပ္ပာယ်ကို ဒီကနေ့ထိ ကျွန်တော် တနုံ့နုံ့ တွေးပြီး အဖြေရှာနေမိတုန်း ရှိပါသေးတယ်။ ဆရာကြီးရဲ့ စာက ဒီနေ့ထိလည်း ပဟေဠိ ဆန်တုန်းပဲ ရှိသေးတာမို့ ဘယ်လို တွေးကြည့်ကြည့် သဘော မမိမြဲ မမိ ဆိုသလို ဖြစ်ရတုန်း ရှိပါသေးတယ်။ ဆရာကြီး ရဲ့ တကြောင်း စာချွန်လေးက ရှင်းရှင်းလေးပါ။ ‘သတင်းစာလုပ်ငန်းဆိုတာ လက်စားချေခြင်းလား၊ ရန်တုံ့ပြန်ခြင်းလား’၊ အဲ့ဒီလို အပေါ်ယံကြော အဓိပ္ပာယ်ဖွင့်လို့ ရတဲ့ ဝါကျလေး ဖြစ်ပါတယ်။ (အင်္ဂလိပ်လို Is Journalism Vengeance?) သမ္မာကျမ်းစာ ကမ္ဘာဦးကျမ်း၊ တရားဟောရာ ကျမ်း၊ ဆာလံကျမ်း၊ ယေရမိ အနာဂတ္တိ ကျမ်းတွေမှာ အဲဒီ စကားလုံးကို အပြစ်ပေးခြင်း၊ ဒဏ်ပေးခြင်းလို့ တပြေးတည်း အနက် ပေးကြတယ်။ ရှိတ်စပီးယား ပြဇာတ်တွေမှာ ဥပဒ် ပေးခြင်း၊ အန္တရာယ်ပြုခြင်း၊ ကျိန်စာတိုက်ခြင်း စတဲ့ သဘောတွေ နဲ့ အဲဒီ စကားလုံးကို သုံးလေ့ ရှိတယ်။ ‘အကျွန်ုပ်အား ဥပဒ် မပေးပါလင့်၊ သင့်အား ကျိန်စာသင့်စေသတည်း’ စတဲ့ အဆို အပြော တွေကို ပြဇာတ်တွေမှာ တွေ့ရတတ်တယ်။ အင်္ဂလိပ် အဘိဓာန် အကျယ်တွေမှာတော့ ဒီ ဝေါဟာရကို မကောင်းဆိုးဝါး၊ အကုသိုလ် တရား၊ အနိဋ္ဌာရုံ၊ ကံဆိုး မိုးမှောင်၊ အမနာပ၊ သွားပုပ်လေလွင့်၊ ချောပစ်ဂုံးပစ်၊ အမှောင့် ပယောဂ၊ ကပျက်ယပျက်၊ ဖရုဿဝါစာ၊ ခလောက်ဆန်ခြင်း၊ နှောင့်ယှက် မှောင့်အောင့်ခြင်း၊ အကျိုးနည်းစေခြင်း စတဲ့ အနက်မျိုးတွေ စုံနေအောင် ပေးပါတယ်။ အဘိဓာန်တွေက ပေးတဲ့ အနက်ကို ယူပြီး ဆရာကြီး ရဲ့ တကြောင်းစာချွန်ကို အနှစ်ချုပ် အဓိပ္ပာယ် ဖွင့်ရင် နှစ်မျိုး ရနိုင်တယ်လို့ ထင်တယ်။ တမျိုးက ‘စာနယ်ဇင်း လုပ်ငန်းဆိုတာ အမှောင့်ပယောဂ လား’၊ နောက် တမျိုးက ‘စာနယ်ဇင်း လုပ်ငန်း ဆိုတာ ကျိန်စာလား’။ ဒီ အဓိပ္ပာယ် နှစ်မျိုးမှာ ဘယ် အဓိပ္ပာယ်နဲ့ ဆရာကြီး ရည်ညွှန်းခဲ့ပါလိမ့်၊ ကျွန်တော် အတပ် မပြောနိုင်ပါ။ ပြောနိုင်စရာ တခုသာ ရှိပါတယ်။ အဓိပ္ပာယ် နှစ်မျိုးလုံး မှာ ကြိုက်တဲ့သူ နှစ်မျိုး နှစ်စား ရှိနိုင်တယ် ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ စာနယ်ဇင်းလုပ်ငန်းကို လည်မျိုထဲ စူးနေတဲ့ အရိုးလို သဘောပိုက်သူတွေက ပထမ အဓိပ္ပာယ် ကို အကြိုက် တွေ့စရာ အကြောင်း ရှိပါတယ်။ စာနယ်ဇင်းလုပ်ငန်း မှာ ဘဝနှစ်မြှုပ်ပြီး လုပ်ကိုင် နေသူတွေ အဖို့တော့ ဒုတိယ အဓိပ္ပာယ် ဟာ သူတို့ ကြုံတွေ့ခံစားရလေ့ ရှိတဲ့ ဖြစ်စဉ် ဖြစ်ရပ်တွေနဲ့ တသားတည်း ကိုက်ညီတယ်ရယ်လို့ ထင်မြင်စရာ အကြောင်းရှိပါတယ်။ ဆရာကြီး အဲဒီ စာတိုကလေးကို ရေးခဲ့တဲ့ အချိန်လောက်တုန်းက ကမ္ဘာ့ စာနယ်ဇင်း လောကမှာ အကြောင်း အမျိုးမျိုး နဲ့ စာနယ်ဇင်းတွေ ဇီဝိန်ကြွေ နေရတယ် မဟုတ်လား။ စာနယ်ဇင်းသမားတွေ ကလောင်ကျိုးနေရတယ် မဟုတ်လား။ စာနယ်ဇင်းသမားတွေ ကိုယ့်ကလောင် ပါးစပ်မြဲအောင်ကိုယ် ဇက်ဆွဲ နေရတယ် မဟုတ်လား။ ဒါတွေကို ဆရာကြီး ကြားသိနေခဲ့တာပေါ့။ အဲဒီအချိန်တုန်းက ပြည်သူပိုင် သတင်းစာ တစောင်ကတောင်မှ ကမ္ဘာ့ စာနယ်ဇင်းလောကကို လှမ်းမျှော်ကြည့်ပြီး ‘သတင်းစာဆိုတာ ဘာလဲ’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ခေါင်းကြီးပိုင်း အာဘော် ရေးခဲ့ဖူးသေးတယ် မဟုတ်လား။ (ဟံသာဝတီ ၉ နိုဝင်ဘာ ၁၉၇၄ ရှု။) သတင်းစာဆိုတာ ဝါဒဖြန့် စာရွက်လား၊ မှန်ပါ့ဘုရား သံတော်ဦး တင်လွှာလား၊ ဗောင်းတော်ညိတ် စိတ်တော်သိ ဘုန်းတော်ဘွဲ့ စာတမ်းလား၊ အားလုံး ကောင်းပါသည် ခင်ဗျား အစီရင်ခံစာလား၊ ခိုင်းရာရေး၊ ပေးရာ ထုတ်ပြန်သည့် ပြန်ကြားရေး စာစဉ်လား၊ လက်ညှိုးညွှန်ရာ ရေ ဖြစ်ချင်သူတို့ ၏ ဖောင်တော်စီး လက်မှတ်လား။ အာဏာ နှင့် ငွေကို ရေလိုသုံးကာ ကိုယ်ကျိုး ရှာသူ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဝါဒရေး ဖောက်ပြန်သူ၊ အာဏာ နှင့် အခွင့်အရေး အလွဲသုံးသူတို့၏ အသိပျက်မှု၊ အကျင့်ပျက်မှု၊ တာဝန်ပျက်မှု၊ စည်းကမ်းပျက်မှု၊ ယုံကြည်ချက်၊ ခံယူချက် ရပ်တည်ချက် ပျက်မှု များကို ဖုံးကွယ်ပေးသည့် စက္ကူကန့်လန့်ကာ လား။ အမှန်တရား၊ အရှိတရား၊ အဖြစ်တရားများကို ပိတ်ဟဲ့၊ ကာဟဲ့၊ တားဟဲ့၊ ဆီးဟဲ့၊ လျှို့ဟဲ့ ဝှက်ဟဲ့ နှင့် သတင်းထောက်က တကောက်ကောက် လိုက်ခြင်း၊ သတင်းစာ က တစာစာ ရေးခြင်းကို မခံနိုင်၊ မရပ်နိုင် ဖြစ်ကာ ပြည်သူတို့ကို နားမျက်စိ ပိတ်ပြီး အကြံတုံး၊ ဉာဏ်တုံး ဖြစ်အောင် ပြုလုပ်ရာ၌ အသုံးပြုသည့် စက္ကူ မျက်နှာဖုံး လားရယ်လို့ အမေးရှိခဲ့ဖူးသေးတယ် မဟုတ်လား။  ဆရာကြီး ကိုယ်တိုယ်ကတော့ ဘယ် အဓိပ္ပာယ် ဖွင့်ဆိုချက်ကို ဆိုလိုကြောင်း အပ်ချမတ်ချ အတည်ပြု မသွားပါဘူး။ အဲဒီ စာတိုလေးကို ရေးပြီးတဲ့ နောက် ငါးနှစ်ကျော် အကြာမှာ ဆရာကြီး ရွှေဥဒေါင်း ကွယ်လွန်သွားခဲ့ပါတယ်။ အဲဒီ ငါးနှစ် ကာလ တလျှောက်လုံး မပြတ်မလပ် ဆိုသလို ဆရာကြီး ထံပါးမှာ ကျွန်တော် ဆည်းကပ် ထိတွေ့နေခဲ့ပါတယ်။ ဒါပေမယ့် စာရဲ့ အဓိပ္ပာယ် ကို ဆရာကြီး ဖွင့်ဆိုသွားသံ မကြားခဲ့ရတော့ပါဘူး။ ဟံသာဝတီဝင်းတင်

အနှိပ်ခံတာ...ကောင်းလား --------------------------------- နှိပ်နယ်ခြင်း၏ နောက်ဆက်တွဲ အထိအတွေ့လေး တစ်ခုပါ။ ထိုအထိအတွေ့လေးမှသည် ကိုယ်ခန္ဓာတွင် ပြောင်းလဲမှုများ အများကြီး ဖြစ်သွားနိုင်ပါသည်။ သင်၏ အရေပြားဟာ ဖိနှိပ်မှု တစ်ခုခုကို ခံစားရရုံနှင့် လျှပ်တစ်ပြက်အတွင်းမှာပင် ဦးနှောက်ကို သတင်းသွားပို့ပြီး အာရုံကြော အဖွဲ့အစည်းမှာ ပါဝင်သည့် Parasympathetic အာရုံကြောများကို နှိုးဆော်မှု ဖြစ်လာစေပါသည်။ ၎င်းအာရုံကြော အဖွဲ့၏ တုံ့ပြန်မှုသည် စိတ်ဖိစီးမှုများကို ခုခံ တိုက်ဖျက်ပေးနိုင်ပါသည်။ ၎င်းအပြင် (၁) အဆုတ်နှင့် ဝမ်းဗိုက် ကြွက်သားများ ကိုယ်ခန္ဓာကို နှိပ်ပေးခြင်းဖြင့် Parasympathetic အာရုံကြောအုပ်စု၏ အဓိကကျသော Vagus အာရုံကြောအား သက်ရောက်မှု ရှိစေပါသည်။ ၎င်း Vagus အာရုံကြောအပေါ်တွင် သက်ရောက်မှု ဖြစ်စေခြင်းကြောင့် အသက်ရှူနှုန်းအား ဖြည်းဖြည်းမှန်မှန် ဖြစ်စေကာ ရှူသွင်းလိုက်သော လေများကို အဆုတ်များ၏ နက်ရှိုင်းသော အတွင်းပိုင်းအထိ ဝင်ရောက် ပျံ့နှံ့စေပါသည်။ ၎င်းအပြင် အစာအိမ်၏ အစာခြေနိုင်စွမ်းကို ပိုမို ကောင်းမွန်လာစေပါသည်။ (၂) နှလုံး ရင်ဘတ်၊ နောက်ကျောနှင့် လည်ပင်း၏ နောက်ဘက် (ဇက်ကြော) တို့ကို နှိပ်ပေးခြင်းဖြင့် နှလုံးခုန်နှုန်းအား တစ်မိနစ်တွင် ၁၀ ကြိမ်ခန့် နှေးစေနိုင်ပါသည်။ ၎င်းအပြင် သွေးဖိအားကို ၈ ရာခိုင်နှုန်းခန့် လျော့ကျစေနိုင်ပါသည်။ (၃) ကိုယ်ခန္ဓာ၏ ခုခံမှုစနစ် လက်ဖဝါးများကို ညင်သာစွာ နှိပ်ပေးခြင်းဖြင့် သွေးဖြူဥများ၏ ရောဂါတိုက်ဖျက်နိုင်စွမ်းကို ပိုမိုမြင့်တက် လာစေပါသည်။ အထူးသဖြင့် သွေးဖြူဥ အုပ်စုတွင် ပါဝင်သော “Killer Cells” များ၏ ရောဂါပိုး ဝင်ရောက်လာမှုကို သိရှိစောင့်ကြပ်နိုင်စွမ်းအား ပိုမို မြင့်တက်စေရုံသာမက တိုက်ခိုက်နိုင်စွမ်းကို ပို၍ မြင့်မား လာစေနိုင်ပါသည်။ ထို့ကြောင့် ခန္ဓာကိုယ် အတွင်းသို့ ဝင်ရောက် လာသော ဗိုင်းရပ်စ်ပိုးများ၊ ဘက်တီးရီးယားပိုးများနှင့် ကင်ဆာဆဲလ်များကို သာမန်ထက်ပို၍ တိုက်ဖျက်ပေးနိုင်ပါသည်။ (၄) အကျိတ်များ ကိုယ်ခန္ဓာ အနှံ့အား နှိပ်ပေးခြင်းဖြင့် စိုးရိမ်စိတ်ဖြစ်မှုကို လျော့ကျစေနိုင်ပါသည်။ Vagus အာရုံကြော၏ တုံ့ပြန်မှုကြောင့် အဒရိနယ် (ခေါ်) ကျောက်ကပ် အနီးရှိ အကျိတ်များ၏ ဟော်မုန်း ထုတ်လွှတ်မှုကို ရပ်တန့်စေပါသည်။ ၎င်းအကျိတ်များသည် Cortisol နှင့် Vasopressin ဟု ခေါ်သော စိုးရိမ်မှုကို ဖြစ်စေသည့် ဟော်မုန်းများကို ထုတ်လွှတ်လေ့ ရှိသည်။ ဟော်မုန်း ထုတ်လွှတ်မှုကို ရပ်တန့်စေခြင်းဖြင့် စိုးရိမ်မှုဖြစ်ခြင်းကို လျော့နည်း ပပျောက်စေပါသည်။ (၅) ဦးနှောက် ကိုယ်ခန္ဓာကို နှိပ်ပေးခြင်းဖြင့် ဦးနှောက်မှ ထုတ်လွှင့်သော လှိုင်းများကို ပြောင်းလဲပေးနိုင်ပါသည်။ နံနက် အိပ်ရာထချိန်တွင် နှိပ်ပေးပါက ဦးနှောက်၏ လှိုင်းများ ပြောင်းလဲမှုကြောင့် တက်ကြွလန်းဆန်းမှုကို ပို၍ဖြစ်စေပြီး အိပ်ရာဝင်ချိန်တွင် နှိပ်ပေးခြင်းဖြင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခြင်းကို ဖြစ်စေနိုင်ပါသည်။ ၎င်းအပြင် စိတ်ကြည်လင်မှုကို ဖြစ်စေသော “Serotonin” ဟော်မုန်း ထုတ်လွှတ်မှုကို ပို၍ များပြားစေသောကြောင့် စိတ်ကြည်လင်မှုကို ပို၍ ဖြစ်စေပါသည်။ (၆) နာကျင်မှု ကိုယ်ခန္ဓာကို နှိပ်ပေးခြင်းဖြင့် ခန္ဓာကိုယ်၏ နာကျင်မှု တုံ့ပြန်စွမ်းကို ပို၍ မြင့်တက်စေပါသည်။ ထို့ကြောင့် နာကျင်ကိုက်ခဲမှုများကို ယာယီ သက်သာစေနိုင်ပါသည်။ သာမန် နာကျင်မှုများအား သက်သာစေရန် အတွက် အကိုက်အခဲ ပျောက်ဆေးများ သောက်သုံးရန် မလိုအပ်ဘဲ ကိုယ်ခန္ဓာအား နှိပ်ပေးခြင်းဖြင့် သက်သာ ပျောက်ကင်းနိုင်ပါသည်။

"မကြာသေးခင်က မြန်မာဘက်က အမြောက်ဆန်ချို့ တရုတ်ဘက်ကို ကျရောက်ခဲ့ပါတယ်။ အဆောက်အအုံပိုင်း ပျက်စီးခဲ့ပြီး ကံကောင်းတာက လူသေဆုံးမှု၊ ဒဏ်ရာရမှု မရှိခဲ့ပါဘူး" ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟောင်လေက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ သို့သော်လည်း မည်သည့်နေ့က အမြောက်ဆန် ကျသည်ကိုမူ ပြောကြားခဲ့ခြင်း မရှိပေ။  မြန်မာစစ်တပ်၏ လက်နက်ကြီးကျည် တရုတ်ပိုင်နက်သို့ နောက်ထပ်ကျပြန်၊ တရုတ်က ဆန့်ကျင်ကန့်က� www.mizzimaburmese.com သောင်းကျန်းမှု တိုက်ဖျက်ရေး စစ်ဆင်ရေးများ ပြုလုပ်စဉ် နောက်ထပ်လက်နက်ကြီးကျည်များ တရုတ်ပိုင်နက်သို့ ကျရောက်ပြီးနောက် သူပုန်များနှင့် တိုက်ခိုက်ရာမှ ကျည်များ နယ်စပ်ကို ကျော်၍ မကျရောက်စေရန် မြန်မာနိုင်ငံက အရေးယူ ဆောင်ရွက်ရန် တရုတ်က ဧပြီ ၂၈ ရက်တွင် တောင်းဆိုမှုများ ထပ်မံပြုလုပ်ခဲ့သည်။

စကား (သို့မဟုတ်) ဓါး လူတွေကို အကုသိုလ်အပေးဆုံးဟာ စိတ်ပြီးရင် နှုတ်ဆိုတဲ ပါးစပ်ပါပဲတဲ့။ မုန်းစေချင်ရင်လည်း ဒီပါးစပ်.. ချစ်စေချင်ရင်လည်း ဒီပါးစပ်ပါပဲ..။ ဒီပါးစပ်ကြောင့် အများသူငါကို စိတ်ချမ်းသာအောင် ပြောဆိုနိုင်သလို.. အများသူငါကို အကုသိုလ်တွေ ပွားစေအောင် လုပ်နိုင်ပါတယ်နော်။ ဒီနှုတ်ကြောင့် အကုသိုလ်တွေ အများဆုံး ဖြစ်စေနိုင်ပြီးတော့ အပါယ်သို့ ဆင်းသွားရတဲ့ သာဓကတွေ.. သံသာရာတလျောက်လုံးမှာ ခန္ဓာနဲ့ အဆမတန်အောင် ပေးဆပ်သွားရတဲ့ သာဓကတွေ အများကြီးပါပဲ။ ဒါ့ကြောင့်လည်း ၀စီဆိုတဲ့ နှုတ်လေးကို ထိန်းစေချင်တာပါ။ ပြောလိုက်တဲ့ စကားလေးတစ်ခွန်းဟာ (၅)စက္ကန့်လောက်တောင် မကြာလိုက်ပေမယ့် ပေးဆပ်လိုက်ရာတာတွေက ဘ၀(၅၀၀)မကအောင်ပါပဲနော်။ ဒါ့ကြောင့်လည်း ပါးစပ်ကို ဓါးတစ်ချောင်းလို့ ပြောလိုက်ရတာပါ။ ဝေသာလီရဲ့ အလှဧကရီ အမ္ဗပါလီရဲ့ အကြောင်းလေးပါပဲ။ ဘ၀တစ်ခုမှာ ပါလီဟာ ဘိက္ခူနီမ တစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဘုရားကျောင်းမြေတွေမှာ သန့်ရှင်းရေးအမြဲလုပ်ပေးခဲ့တဲ့ သူပေါ့။ တစ်နေ့မှာတော့ သူသန့်ရှင်းရေးလုပ်နေတဲ့ နေရာကို အရိယာဘိက္ခူနီမတစ်ယောက် တံတွေးထွေးလိုက်တဲ့ တံတွေးကျန်ခဲ့တာကို ကြည့်ပြီး သန့်ရှင်းရင်း ပါးစပ်ကပြောလိုက်ပါတယ်.. ဘယ် ပြည့်တန်ဆာမထွေးသွားတာလဲ ဆိုတဲ့ စကားလေးတစ်ခွန်းပါ။ ဒီစကားလေးပြောလိုက်တာက (၉)လုံးထဲပါပဲ။ ဒါပေမယ့် ပြန်ပြီးပေးဆပ်လိုက်ရတာကတော့ ဘ၀ပေါင်း မရေမတွက်နိုင်အောင်ပါပဲ။ ဘုရားရင်ပြင်မှာ သန့်ရှင်းရေးလုပ်ခဲ့တဲ့ ကုသိုလ်ကြောင့် ဖြစ်လေရာဘ၀မှာ ရုပ်အဆင်းရူပါဟာ သူများနဲ့ မတူအောင် လှပချောမောပေမယ့်.. အရိယာကို စော်ကားမိတဲ့ စကားလေး(၉)လုံးကြောင့် ဖြစ်လေရာဘ၀အများစုဟာ ပြည့်တန်ဆာမဘ၀နဲ့ပဲ ဖြစ်ရပြီးတော့ ခန္ဓာနဲ့ အဆမတန်အောင် ပေးဆပ်သွားရတာပါ။ နောက်ဆုံး ပရိနိဗ္ဗာန်စံဝင်ရမဲ့ ဘ၀ထိပါပဲနော်။ ဒါဟာ ဘာကြောင့်လဲလို့ အဖြေရှာကြည့်တော့ နှုတ်မစောင့်ခဲ့တဲ့ စကားလေး တစ်ခုကြောင့်ပါပဲနော်။ အမ္ဗပါလီရဲ့ အကြောင်းကို ဖတ်ပြီး စိတ်မကောင်းလည်း ဖြစ်မိပါတယ်။ ကုသိုလ်လုပ်နေရဲ့သားနဲ့ အကုသိုလ်တွေ ၀င်လာရတာဟာ ဒီမစောင့်စီးမိတဲ့ နှုတ်ကြောင့်ပါနော်။ ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဆုံးမထားတဲ့ စကားတွေထဲက အဓိကဆုံးမထားတာကတော့ ဟုတ်တိုင်းလည်း မပြောနဲ့ မှန်တိုင်းလည်း မပြောနဲ့ မိမိသူတစ်ပါး အကျိုးရှိမှ ပြောဆိုတဲ့ စကားပါပဲ…။ပါးစပ်ထဲမှာရှိတဲ့ ဓါးမတစ်ချောင်းကို မိမိသူတစ်ပါး အကျိုးမဲ့စေမယ့် စကားတွေနဲ့ ကိုယ့်ကိုကိုယ် အခုတ်မခံပဲနဲ့.. ကိုယ့်ကို နှောက်ယှက်လာမယ့် လောဘ၊ ဒေါသ၊ မောဟ ဖြစ်စေမယ့် စကားတွေကြိုပန်ပြီး ခုတ်ထွန်ရှင်းလင်းနိုင်မဲ့ ဓါးများအဖြစ် ပြောင်းလဲနိုင်ကြပါစေ။

http://www.facebook.com/MizzimaDaily/posts/963742160327356

တစ်နေ့ တာ သတ်မှတ်ဈေးနှုန်း

http://www.facebook.com/MizzimaDaily/posts/963746716993567

ရှောင်ကြည် စရာ

နုပျိုလိုသူတိုင်း ရှောင်သင့်တဲ့ အစားအစာများ နှစ်အတော်ကြာ မတွေ့ဖြစ်တဲ့ သူငယ်ချင်... http://www.facebook.com/542517552498451/photos/a.544041039012769.1073741829.542517552498451/812513242165546/?type=1

သခွားသီး ရဲ့အစွမ်း

ရာသီအတွက် အသင့်တော်ဆုံး သခွားသီး ပူပူအိုက်အိုက်နွေရာသီမှာ သခွားသီးက အကောင်းဆုံး... http://www.facebook.com/542517552498451/photos/a.544041039012769.1073741829.542517552498451/812519252164945/?type=1

အယူအဆ

ဘုန်းကံဘာကြောင့် နိမ့်ရသလဲ လူတွေငယ်စဉ်သိတတ်သောအရွယ်မှစ၍ ယခုအရွယ်အထိ ဘုန်းကံဟူသေ... http://www.facebook.com/542517552498451/photos/a.544041039012769.1073741829.542517552498451/812521792164691/?type=1

ဂုဏ်ယူထိုက်သည့်  ယဉ်ကျေးမှုဓလေ့

ဘုရားအပေါ် ကြည်ညိုသဒ္ဓါပွားများရာမှ ဖြစ်ပေါ်လာသော ဂုဏ်ယူထိုက်တဲ့ ယဉ်ကျေးမှုဓလေ့။ http://www.damanady.tk/2015/04/blog-post_937.html

တရားအကြောင်း

ဗုဒ္ဓါနုဿတိ ကမ္မဌာန်း ကျင့်ကြံနည်း အင်္ဂါ ၇ ပါး။ http://www.damanady.tk/2015/04/blog-post_844.html