วันอาทิตย์ที่ 24 พฤษภาคม พ.ศ. 2558

ဆေးပညာ အရ ဗဟုသုတ

အမျိုးသမီးများ ကိုယ့်ဖာသာကိုယ် ဆန္ဒဖြေဖျောက်တဲ့ အကျင့် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ ) Masturbation
===============================

ဆရာရှင့် ကျမ အခု ရောဂါတခု ခံစားနေရလို့ စိတ်ပူလို့ ဆရာ့ကို မေးတာပါ ရင်ဖွင့်တာပါရှင့်။ ကျမ အသက်က ၃၂ နှစ် ရှိပါပြီ။ အပျိုပါရှင့်။ ကျမ

အရမ်းချစ်တဲ့ ချစ်သူတယောက် ရှိပါတယ်။ ပြောချင်တာက ကျမ တခါမှ ယောက်ျားနဲ့ တူတူ
မနေဘူးပါဘူး။ ချစ်သူရှိတယ် ဆိုတာကလည်း သူက အဝေးမှာပါရှင့်။ ကျမမှာ
မကောင်းတဲ့အချက်တခုရှိပါတယ်။ ကျမ လိင်ဆက်ဆံချင်တဲ့စိတ် ခဏခဏဖြစ်ပါတယ်။

ဒါကြောင့် လွန်ခဲ့တဲ့ ၅ နှစ်လောက်တည်းက ကိုယ့်ဖာသာကိုယ် ဆန္ဒဖြေဖျောက်တဲ့
အကျင့် ဖြစ်သွားခဲ့ပါတယ်။ ကျမ သွားတိုက်တံ လက်ကိုင်ထူထူနဲ့ဟာမျိုးနဲ့ ၁
နှစ်လောက်ထိ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်း ကိုယ့်လက်နဲ့ကိုယ်ပဲ
လုပ်ပါတယ်။ မလုပ်ရင်လည်း ကျမ တကယ် မနေနိုင်တော့လို့ပါရှင့်။ အမှန်ဆိုရင်တော့

အဲလိုမျိုးကို မလုပ်ချင်ပါဘူး။ အဲလိုလုပ်တာ အပြစ်ရှိလားရှင့်။ အခု
ကျမပြောချင်တာက ကျမရဲ့ သားအိမ်လို့ထင်ရတဲ့ ဘယ်ဘက်ဆီးခုံ အထက်နားက တခါတခါဆိုရင်
အရမ်းနာပါတယ်။ ဆိုင်ကယ် စီးတဲ့အခါမျိုးမှာလည်း နာပါတယ်။ နောက်ပြီး
လိင်ဆက်ဆံချင်တဲ့စိတ် ဖြစ်ရင် အခုနောက်ပိုင်း ကြောက်လို့ ဘာနဲ့မှ
မလုပ်ဖြစ်ပါဘူးရှင့်။ အဲဒါဆိုလည်း အဲလိုစိတ် ဖြစ်လာတော့လည်း နာပါတယ်ရှင့်။
အဲဒါ ကျမ သားအိမ်မှာ ရောဂါများ ရနေတာလား၊ ကျမ လိင်ဆက်ဆံချင်တဲ့စိတ်က ခဏခဏ
ဖြစ်တာလည်း ရောဂါလားရှင့်။ နောက်ပြီး ကျမ ရည်းစားနဲ့ အိမ်ထောင်ကျခဲ့ရင်ကော ကျမ
အဲလိုမျိုးတွေ လုပ်ခဲ့ဖူးတာ ပြောပြရမှာလားရှင့်။ ကျမကို ဖြေကြားပေးပါရှင့်။

မိန်းမဖြစ်ဖြစ် ယောက်ျားဖြစ်ဖြစ် လိင်ဆက်ဆံချင်တဲ့စိတ် ခဏခဏဖြစ်တာနဲ့
ကိုယ့်ဖာသာကိုယ် ဆန္ဒဖြေဖျောက်တဲ့အကျင့် ရှိတယ်ဆိုတာ ပုံမှန်စိတ်ဖြစ်တယ်။
အဲလိုမဖြစ်ရင်သာ ဆေးကုဘို့လိုပါတယ်။ ၁၉၅ဝ တုံးက Alfred Kinsey
(အဲလ်ဖရက်-ကင်ဆေး) လုပ်တဲ့ သုတေသနအရ ယောက်ျား ၉၂% နဲ့ မိန်းမ ၆၂% ဟာ
ဘဝတသက်တာမှာ ဖါသာ-အာသာဖြေတာ လုပ်ကြတာကို သိရတယ်။ ၂ဝဝ၇ ခုနှစ် ဗြိတိန်မှာ
လေ့လာမှုလုပ်တော့လဲ အသက် ၁၆ နှစ်ကနေ ၄၄ နှစ်ကြား ယောက်ျား ၉၅% နဲ့ မိန်းမ ၉၁%
လုပ်ဖူးကြတာ သိရတယ်။

၂ဝဝ၉ ခုနှစ်မှာ ဗြိတိန်၊ နယ်သာလင် နဲ့ ဥရောပနိုင်ငံတွေက ဆယ်ကျော်သက်တွေကို
နေ့တိုင်း Masturbation (မာစတာဘေးရှင်း) လုပ်စေဘို့ အားပေးခဲ့တယ်။ Orgasm
(အော်ဂဇင်မ်) လိင်ဆန္ဒပြည့်ဝမှု ဆိုတာ အခွင့်အရေးတရပ် ဖြစ်တယ်လို့တောင် လက်ကမ်း
ကြော်ညာမှာ ပါသေးတယ်။ ဒီလိုလုပ်ရတဲ့ ရည်ရွယ်ချက်တခုက Teen pregnancy
ဆယ်ကျော်သက်-ကိုယ်ဝန်ရမှာနဲ့ STDs လိင်ကတဆင့် ကူးစက်ရောဂါတွေကို ကာကွယ်စေဘို့
ဖြစ်ပါတယ်။ ဒီခေတ်မှာ Safe sex လို့ လူသုံးများလာပြီ။ စိတ်ချရတဲ့
လိင်မှုရေးရာလို့ ပြောချင်တာပါ။ HIV-AIDS ရောဂါ၊ အသဲရောင် ဘီ-စီ တွေပါ
မကူးစက်နိုင်ပါ။

Benefits ကောင်းကျိုးတွေ
• Intercourse တကယ်တန်း လိင်ဆက်ဆံဘို့ အဆင်မပြေချိန်မျိုးမှာ လုပ်နိုင်လို့
တခြားမသင့်တာမျိုး အားကိုးစရာမလိုတဲ့ အစားထိုးနည်းကောင်း ဖြစ်တယ်။
• Masturbation လုပ်တာကြောင့် လိင်ဆက်ဆံရာမှာ Fertility မျိုးပွါးစေရေး
အားပေးတယ်။ ၂ဝဝ၉ ခုနှစ် သြစတြေးလျ လေ့လာမှုတခုအရ နေ့တိုင်း သုက်လွှတ်ခြင်းဟာ
သုက်ပိုး-ကျန်းမာရေးကို အားပေးတယ်။
• Female masturbation အမျိုးသမီးတွေ ဖါသာ-အာသာဖြေတာကြောင့် ဗဂျိုင်းနာ၊
သားအိမ်ဝ နဲ့ သားအိမ်တွေမှာ အပြောင်းအလဲတွေ ဖြစ်စေတယ်။ ဒါတွေကနေ သန္ဓေရစေဘို့
ပိုပြီးအဆင်ပြေစေမယ်။ ကလေးမရလို့ သုက်ပိုးကို အပြင်ကနေ ထည့်ပေးနည်း လုပ်အပြီး
၁-၄၅ မိနစ်အတွင်းမှာ Orgasm ရစေအောင်လုပ်နိုင်ရင် သုက်ပိုးက လိုရာခရီးကို
ကောင်းကောင်းရောက်စေတယ်လို့ သိရတယ်။ မ-မျိုးဥနဲ့တွေ့စေဘို့ ဖြစ်ပါတယ်။
• Female masturbation ကြောင့် သားအိမ်ဝက အချွဲကို အက်စစ်ဓါတ်ပိုစေတာမို့
ရောဂါပိုးဝင်မှာကို အဟန့်အတားပြုရာ ကျတယ်။
• Relieve depression စိတ်ကျတာကို သက်သာစေပြီး၊ Higher sense of self-esteem
ကိုယ့်ကိုယ်ကို ကျေနပ်မှု ပိုစေတယ်လို့ စိတ်ကျန်းမာရေး အရေးအသားတွေမှာ ဖတ်ရမယ်။
• Mutual masturbation ဆိုတာ နှစ်ဦးသား အပြန်အလှန် လိင်စိတ်ဖြေပေးကြတာ
ဖြစ်တယ်။ ဘယ်လိုနေရာကို ဘယ်လို လုပ်တာကို တဖက်သား သဘောကျတယ် ဆိုတာကို
ဖေါ်ထုတ်ပေးမယ်။
• (STDs) လိင်ကတဆင့်-ကူးစက်ရောဂါတွေ ဖြစ်မှာကိုပါ နည်းစေတယ်။
• Masturbation လုပ်ပြီး Sexual climax ရစေတယ်ဆိုရင် Relaxed ကိုယ်ရောစိတ်ပါ
ပြောလျှော့သွားပြီး Contented state ကျေနပ်မှုရစေမယ်။ Drowsiness and sleep
အိပ်ပျော်စေမယ်။
• တချို့ဆရာဝန်တွေက (မာစတာဘေးရှင်း) လုပ်တာဟာ Cardiovascular workout
နှလုံး-သွေးကြောဆိုင်ရာ လေ့ကျင့်ခန်းလို့ ယူဆကြတယ်။ သွေးတိုးကို ကျစေတယ်။
• ကိုယ်ဝန်မရစေဘူး။

Risks ဘာတွေကို ဂရုစိုက်ရမလဲ
• လက်ကို မတိုင်ခင် အသေအခြာ ရေဆေးပါ။ လက်သည်းဖြတ်ထားရမယ်။ လက်မှာ အနာအဆာ
မရှိရဘူး။
• အသုံးပြုတဲ့ ကိရိယာပစ္စည်းကြောင့် ဘေးဖြစ်မှာသတိထားပါ။ ဂျာမနီမှာ တခါက
အမျိုးသမီးတယောက် ခဲတန်က ဆီးအိမ်ထဲ ရောက်နေတာ ဖြစ်ဘူးတယ်။ ဗဂျိုင်းနား နဲ့
ဆီးသွားပေါက် မှားသွားလို့ဖြစ်တယ်။
• စအိုကို ထိကိုင်ရင် ပိုသတိကြီးရမယ်။ စအိုသုံးသူတွေဆိုရင် Latex gloves
(လေးတက်စ်) လက်အိပ်သုံးရမယ်။ ရေကိုအခြေခံလုပ်တဲ့ Lubricant ချောဆီသုံးရမယ်။
စအိုနဲ့ ဗဂျိုင်းနား အပြန်အလှန်လက်သွားတာ မကောင်းဘူး။
• Finger cot (Finger condom) လက်ဖျားထိပ် (ကွန်ဒွမ်) ဆိုတာလဲရှိတယ်။ အထဲမှာ
ကျွတ်ကျန်နေမှာကို သတိထားရတယ်။

Methods နည်းလမ်းတွေ
“ဘယ်နည်းက အကောင်းဆုံးသလဲ မပြောနိုင်ပါ” လို့ Paul Joannides
စိတ်အထူးကုဆရာဝန်က ဆိုပါတယ်။ အများဆုံး သုံးကြတာက (၁) Fingers နဲ့ (၂)
Vibrators ကရိယာဖြစ်တယ်။ အမေရိကားမှာတော့ လေ့လာမှုတခုထဲက “အသက် ၁၈ ကနေ ၆ဝ
နှစ်ကြားရှိ အမျိုးသမီးပေါင်း ၂ဝ၅၆ ယောက်ထဲမှာ တဝက်ကျော်က Vibrator သုံးတယ်”
လို့ Indiana University အင်ဒီယာနာ-တက္ကသိုလ် Center for Sexual Health
Promotion က တွဲဖက်-ဒါရိုက်တာ Debby Herbenick ကဆိုပါတယ်။ သူတို့ဟာ
Masturbation ဖါသာ-အာသာဖြေတာမှာရော Intercourse လိင်ဆက်ဆံရာမှာပါ သုံးကြတယ်။

Fingering လက်ကိုသုံးတဲ့နည်း
• Vaginal fingering ဗဂျိုင်းနာထဲ လက်ချောင်းထည့်ခြင်း ဆေးစကားလဲဖြစ်၊
ဥပဒေသုံးလဲဖြစ်တယ်။ လက်ချောင်း တချောင်း၊ တချောင်းမက ဖြစ်နိုင်တယ်။
လက်တခုလုံးဆိုတာလဲ ရှိသေးတယ်။
• Clitoris မ-အစိ၊ Vulva မိန်းမကိုယ်၊ Vagina (ဗဂျိုင်းနား) တွေကို လက်နဲ့
ပွတ်သပ်တာ၊ ကလိတာ၊ ထိုးသွင်းတာတွေ ပါမယ်။
• ရည်ရွယ်ချက် ၂ ခုရှိတယ်။ Sexual arousal and stimulation လိင်စိတ်ဖြစ်စေ၊
ကဲစေဘို့နဲ့ Orgasm လိင်ဆန္ဒ ပြည့်ဝစေဘို့ ဖြစ်တယ်။
• ဒီလိုလုပ်တာချည်းနဲ့ အဆုံးသပ်တာရှိသလို တကယ့်လိင်ဆက်ဆံမှုရဲ့
အစိတ်အပိုင်းအဖြစ်လဲ Foreplay အစပိုင်းမှာဖြစ်ဖြစ် Sexual activities
ကြားကာလမှာဖြစ်ဖြစ် လုပ်နိုင်တယ်။
• Mutual masturbation နှစ်ယောက်သား အပြန်အလှန် အာသာဖြေပေးတာမှာလဲ
သုံးနိုင်သလို Finger oneself တယောက်ထဲလဲ လုပ်နိုင်တယ်။
• မိန်းမတယောက် Orgasm (အော်ဂဇင်မ်) ရစေဘို့ရာ Massage of the vulva
မိန်းမကိုယ်နေရာကို ပွတ်သပ်ခြင်းနဲ့ အထူးသဖြင့် Clitoris
မ-အစိကိုပွတ်သပ်ခြင်းဟာ အဓိကအရေးပါတယ်။
• Clitoral body မ-အစိကိုယ်ရော Shaft အရင်နေရာပါ သုံးနိုင်တယ်။ အများအားဖြင့်
Skin of the clitoral hood မ-အစိအထက်နေရာ အရေပြားကို ထက်-အောက်၊ ဘယ်-ညာ၊
စက်ဝိုင်းလို ကြိုက်သလို လုပ်နိုင်တယ်။
• Labia မိန်းမကိုယ် နှုတ်ခမ်းသားတွေနဲ့ ကျန်နေရာမှန်သမျှကိုလဲ
အသုံးပြုနိုင်တယ်။

Fingering the vagina (ဗဂျိုင်းနား) ထဲကို လက်ထည့်တာလဲ လုပ်ပါတယ်။
• G-Spot ဆိုတာကို ထိမိစေရတယ်လို့လဲ ပြောကြတယ်။ (ဗဂျိုင်းနား) ရဲ့ရှေ့
(ရှေ့ဆိုတာ ပက်လက်အိပ်နေရင် အပေါ်ကိုပြောတာပါ) ၅ စင်တီမီတာနေရာမှာလို့ ဆိုတယ်။
• A-spot က သူ့ထက် ပိုနက်တဲ့နေရာမှာ ရှိတယ်။
• ဒါပေမဲ့ အဲဒီနေရာတွေ တကယ်ရှိ-မရှိ ငြင်းနေကြဆဲဖြစ်တယ်။
• ကိုယ့်ဖါသာကိုယ်လုပ်သူတွေက ဘယ်နေရာကို ဘယ်လိုလုပ်ရင် ကျေနပ်မှုပိုစေမယ်ဆိုတာ
ကိုယ်တိုင်သိပါတယ်။ ဆရာဝန်မလိုပါ။ သာယာမှုရရင် အရည်ပိုစိုစွပ်လာမှာ အမှန်ပါ။
• G-Spot ejaculation ဆိုတာ ကျေနပ်မှု ကောင်းလွန်းပြီး အရည်ဟာ Urethra
ဆီးထွက်လမ်းကနေ ထွက်တယ်။ Urine ဆီးတော့ မဟုတ်ဘူး။
• အမျိုးသမီးတွေ Orgasm ပြီးတဲ့အခါ ထွက်တဲ့အရည် Female ejaculate ထဲမှာ
Antibodies (အင်တီဘော်ဒီ) တမျိုးပါတယ်။ အဲဒါဟာ ယောက်ျားတွေ Prostate
ဆီးကျိတ်ကထွက်တာနဲ့ အလားတူတယ်။ အတွင်းကျကျအထိ လက်ထည့်ရမှာမို့
လက်ချောင်းသုံးတာကြောင့် A-spot ကိုထိစေဘို့ နည်းတယ်။

Vibrator တုန်ခါမှုရှိတဲ့ ကရိယာနည်း
• (ဗစ်တိုးရီးယား) ခေတ်က Female hysteria အမျိုးသမီး (ဟစ်တီးရီးယား)
ရောဂါကုသနည်း တခုထဲမှာ Masturbation နည်းပါတယ်။ Pelvic massage လို့သာ
ခေါ်သေးတယ်။ ခေတ်ပေါ် Vibrators နဲ့ Sex toys တွေဟာ ၁၉၈ဝ နောက်ကစပြီး ပေါ်ပြူလာ
ဖြစ်လာတယ်။
• ၂ဝဝ၉ လေ့လာမှုတခုအရ အမေရိကားမှာ ၁၈-၆ဝ နှစ်အရွယ်ရှိ ယောက်ျား ၄၆% နဲ့ မိန်းမ
၅၃% ဟာ Vibrator သုံးသတဲ့။
• မိန်းမ ၃ဝ% ကသာ ပုံမှန် ဖိုမ ဆက်ဆံရာကနေ (အော်ဂဇင်မ်) ရတယ်။ အဲဒါအတွက်
Vibrators ကို သုံးဘို့ ဆရာဝန်တွေက ညွှန်တယ်။ Masturbation အတွက်ရော
Intercourse အတွက်ပါ အသုံးခိုင်းတာ ဖြစ်ပါတယ်။
• Clitoral vibrator ဆိုတာ သပ်သပ်လာသေးပေမဲ့ အားလုံးဟာ ဒီနေရာကို
ထိမိစေရတာဖြစ်တယ်။ ဒီဇိုင်းကတော့ အမျိုးမျိုးရှိတယ်။
o G-Spot Vibrator ဆိုတာလဲလာသေးတယ်။ ခပ်ကောက်ကောက်ပုံရှိတယ်။
o Dildo-shaped ဆိုတာ ယောက်ျား-အင်္ဂါပုံအတိုင်း အရွယ်တူ လုပ်ထားတဲ့
ကစားစရာမျိုးဖြစ်တယ်။ Plastic (ပလပ်စတစ်)၊ Silicone (စီဘီကွန်)၊ Rubber
(ရာဘာ)၊ Vinyl (ဗီနိုင်းလ်) နဲ့ Latex (လေးတက်စ်) ပစ္စည်းတွေနဲ့ လုပ်ထားတယ်။
o Waterproof လဲရှိတယ်။ ရေချိုးခန်းမှာ သုံးနိုင်ဘို့ ဖြစ်တယ်။
o Egg-shaped vibrator နဲ့ Rabbit ဆိုတာတွေက ဗဂျိုင်းနာရော (ကလိုက်တောရစ်)
ကိုပါ ထိမိစေဘို့ လုပ်တားတယ်။
• ကနေဒါနိုင်ငံက (တိုရွန်တို) လေ့လာမှုအရ ဖါသာ-အာသော ဖြေရာမှာ (ဘိုင်ဗရေတာ) ကို
အသုံးများရင် တကယ်တန်း ခင်ပွန်း-အဖေါ်နဲ့ဆက်ဆံချိန်မှာ (အော်ဂဇင်မ်) ရတာကို
Desensitize ပြောင်ပြန်အကျိုး သက်ရောက်စေနိုင်တယ်လို့ သတိပေးတယ်။ အဲဒီ ဆရာဝန်က
သူ့လူနာတွေကို (အိုက်စ်ခရင်မ်) ကို နေ့တိုင်း မစားချင်ကြသလို နေသင့်တယ်လို့
အကြံပေးတယ်။ Autonomic nervous system အလိုအလျှောက် သက်ရောက်တဲ့
အာရုံကြောစနစ်က အကျင့်ရသွားစေမယ်လို့ ပြောတာ ဖြစ်ပါတယ်။
• Vibrator သုံးရင် လိင်အင်္ဂါနေရာမှာ နာတာ-ထုံတာ ဖြစ်မလား သတိထားသင့်တယ်။
Herbenick's vibrator survey သုတေသနအရ ၃ဝ% မှာ အဲလိုဖြစ်တယ်။

တခြားနည်းတွေ
• တချို့က Back of a vibrating toothbrush head တုံခါမှု လုပ်ပေးနိုင်တဲ့
သွားတိုက်တံခေါင်းရဲ့ နောက်ဖက်၊
• တချို့က Handle of a hairbrush ခေါင်းဘီး လက်ကိုင်ရိုး၊
• တချို့က Water jets in the bathtub ရေချိုးခန်းက ရေပန်း ထိပ်ဖျား သုံးကြတယ်။
• တခြားနည်းနာတွေလဲ ရှိမှာပါ။

ရောဂါမဟုတ်ပါ
• မိန်းကလေးတွေလဲ ယောက်ျားလေးတွေလိုဘဲ ဖါသာအာသာဖြေဖျောက်တာလုပ်မိတာကို Feel
guilty အပြစ်လုပ်သလို ခံစားတတ်ကြတယ်။ Sex therapists လိင်အထူးကု
ဆရာဝန်တွေကတော့ အဲလို မထင်မြင်သင့်ဘူးလို့ ဆိုပါတယ်။
• Mood စိတ်မူ၊ Spirits စိတ်ဓါတ် တက်စေမယ်။ စိတ်ကျနေသူတွေကို သက်သာရာ ရစေမယ်။
Solo sex တယောက်ထဲစခန်းသွားတာမို့ ကိုယ့်အဖေါ် ဘယ်လိုနေမလဲ ဆိုတာ
စိတ်ကူးထည့်စရာလဲ မလိုဘူး။
• အဲလိုလုပ်တာဟာ ကိုယ့် ခင်ပွန်း-အဖေါ်ကို မချစ်လို့လဲ မဟုတ်ဘူး။
ကိုယ့်အတွက်ကိုယ်လုပ်တာသာဖြစ်
တယ်။ သူနဲ့နေတဲ့အခါမှာလဲ ပိုပြီးသာလွန်ကောင်းမွန်စေနိုင်

သေးတယ်။
သူ့ကိုကိုယ်ကနေ ဘယ်လိုကဘယ်လိုဆိုတာ ဆရာလုပ်နိုင်တယ်။
• ယောက်ျားနဲ့နေလို့ (အော်ဂဇင်မ်) မရတတ်သူတွေ ဒီနည်းနဲ့ကူနိုင်တယ်။
Lubrication စိုစွပ်မှု၊ Desire ဆန္ဒဖြစ်ပေါ်မှု၊ Arousal စိတ်နိုးထမှု နဲ့ Orgasm
(အော်ဂဇင်မ်) တွေမျာ ပိုကောင်းစေတယ်။
• Pain နာတတ်တာလဲ သက်သာစေမယ်။ မနာတတ်သူတွေလဲ သုံးကြတာပါဘဲ။
• သိတဲ့အတိုင်း အမျိုးသမီးများဟာ စိုးရိမ်မှုများတတ်တယ်၊ ဖိစီးမှုများတတ်တယ်။
ဒါ့ကြောင့် စိတ်ဖြေလျှော့ပေးဘို ပိုလိုမယ်။ (မာစတာဘေးရှင်း) ကနေ ကူညီနိုင်တယ်။
• Migraine (မိုင်ဂရင်း) ခေါင်းမူး-ခေါင်းကိုက်ရောဂါ ရှိသူတွေကိုလဲ သက်သာရာ
ရစေနိုင်တယ်။ ခပ်ရှားရှား တချို့လူနာတွေမှာ (အော်ဂဇင်မ်) ကနေ (မိုင်ဂရင်း)
ထတတ်တယ်။
• Menstrual cramps ရာသီလာရင်နာတာ နဲ့ Premenstrual syndrome (PMS) ရာသီအလာခင်
ဖြစ်ချင်တာတွေ ကိုပါ သက်သာစေမယ်။

From:ဒေါက်တာ တင့်ဆွေ

အကြီးအကဲဘ၀ မုချအောင်မြင်နည်း ကိုယ်ပိုင်လုပ်ငန်း၊ ကိုယ်ပိုင်ကုမ္ပဏီ၊ ကိုယ်ပိုင်စီးပွားရေး ကိုပဲလုပ်လုပ်၊ အစိုးရဖြစ်စေ၊ အသင်းအဖွဲ့တစ်ခုခုရဲ့ ၀န်ထမ်းဖြစ်စေ၊ ဆောင်ရွက်တဲ့အခါမှာ၊ ယခုတင်ပြအချက် (၉)ချက်ဟာ ပွဲတွေ့ အောင်မြင်တိုးတက်နည်းတွေပါ။ လိုက်နာကျင့်သုံး ကြည့်လိုက်ပါ- ၁။ အတော်ဆုံးလူတွေကို ရွေးချယ်ခံထားပါ။ ၂။ ၀န်ထမ်းတွေကို သူနဲ့သင့်လျှော်တဲ့ နေရာထားပါ။ (Right man in Right place) အရမ်းညံ့တဲ့သူတွေကိုဖယ်ထုတ်ပါ။ ၃။ ဘာတွေလုပ်ဖို့ လိုတယ်ဆိုတာ (တိတိကျကျ)ပြောပြပါ။ ၄။ ဘာ့ကြောင့်လိုအပ်သလဲဆိုတာ (သေသေချာချာ)ပြောပြပါ။ ၅။ သူတို့ ဘာတွေပြောသလဲ နားစွင့်ပါ၊ နားထောင်ပါ။ ၆။ ၀န်ထမ်းတွေရဲ့ အခက်အခဲကို ဖယ်ရှားပါ။ ၇။ တိုးတက်မှုကို အပတ်စဉ် လစဉ် စစ်ဆေးနေပါ။ ၈။ ၀န်ထမ်းတွေကို ကျေးဇူးတင်ပါတယ်လို့ လူအများရှေ့မှာရော၊ သီးသန့်တစ်ဦးတည်းကိုပါ ချီးမွမ်းပါ။ ၉။ ၀န်ထမ်းကို ယုံယုံကြည်ကြည် အလုပ်အပ်ပါ။ လေ့ကျင့်ပေးပါ။ ချစ်နိုင်စိတ်ပညာ၏ ''ချစ်သဖြင့် ရေးသည့် စာ-၂မှ''။

အိမ်တစ်အိမ်၏ ပိုမွှားအများဆုံးနေရာ (၆)နေရာ မီးဖိုချောင်ဘေစင် အိမ်သာခွက်ထဲမှာရှိတဲ့ ပိုမွှားတွေကြောင့် ဖျားနာမှုတွေ ရနိုင်တယ်ဆိုတာကို ကျွန်မတို့အားလုံး သိကြပါတယ်။ ဒါပေမယ့် အိမ်သာခွက်ထက် ဘေစင်မှာ ပိုးမွှားတွေ ပိုများတယ်ဆိုတာကိုတော့ မသိကြပါဘူး။ ပန်းကန်ခွက်တွေထဲက အစာအစအနတွေ၊ ပန်းကန်ဆေးရင်းကနေ ကပ်ကျန်နေတဲ့ အစားအစာတွေဟာ နာမကျန်းမှုဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို ရှင်သန်ပေါက်ဖွားစေပါတယ်။ ဒီလိုပိုးကောင်တွေဟာ လက်တွေ၊ အစားအစာတွေဆီကို ရောက်ရှိလာပါတယ်။ အိမ်သာကို ပိုးသတ်ဖို့ သတိရကြပေမယ့် ဘေစင်ကို သန့်ရှင်းရေးပုံမှန်လုပ်ပေးဖို့တော့ မေ့နေတတ်ပါတယ်။ သန့်ရှင်းရေးလုပ်တယ်ဆိုရင်လည်း ရေနဲ့ဆေးချတာကို သန့်ရှင်းသွားပြီလို့ ထင်တတ်ပါတယ်။ တကယ်တမ်း ဘက်တီးရီးယားတွေ မပေါက်ဖွားစေချင်ရင်တော့ ချွတ်ဆေးရည်ကို အသုံးပြုသင့်ပါတယ်။ ဆေးများများနဲ့ ဆေးချပစ်ပြီး ပိတ်ဆို့နေတာတွေကို ဖယ်ရှားပေးရပါမယ်။ ပြီးရင် လက်ဆေးဖို့လည်း မမေ့သင့်ပါဘူး။ သွားပွတ်တံ တစ်နေ့နှစ်ကြိမ်ခန့် ပါးစပ်ထဲထည့်တတ်တဲ့ သွားပွတ်တံမှာ ပိုးကောင်ပေါင်းများစွာက အခွင့်အရေးတွေကို စောင့်ပြီး ချောင်းမြောင်း နေပါတယ်။ သွားတိုက်ပြီးလို့ သွားပွတ်တံကို ဆေးပြီးရင် အဲဒီအစိုအတိုင်းပဲ ထားတတ် ကြပါတယ်။ ဘက်တီးရီးယားတွေဟာ စွတ်စိုထိုင်းမှိုင်းမှုကို သဘောကျပါတယ်။ ဒီလို ပတ်ဝန်းကျင်မျိုးမှာ ရှင်သန်ပေါက်ဖွား တတ်ကြပါတယ်။ ဒါကြောင့် သွားတိုက်တံကို သုံးပြီးရင် လေဝင်လေထွက်ကောင်းတဲ့ နေရာမျိုးမှာ ထားသင့်ပါတယ်။ ဒီနေရာဟာ အိမ်သာနဲ့ဝေးတဲ့နေရာလည်း ဖြစ်ရပါမယ်။ အိမ်သာကို သန့်ရှင်းရေးလုပ်တဲ့အခါမျိုးမှာ ပြန့်ထွက်လာတတ်တဲ့ ပိုးကောင်တွေဟာ ရေချိုးခန်းတစ်ဝိုက်မှာ အနည်းဆုံးနှစ်နာရီခန့် ရှင်သန်နေထိုင်နိုင်ပါသေးတယ်။ နေမကောင်းဖြစ်ပြီးတဲ့ အခါတိုင်းမှာလည်း သွားပွတ်တံကို လဲပေးသင့်ပါတယ်။ ဆားဘူးနှင့် ငရုတ်သီးဘူး ကျွန်မတို့ အိမ်ရဲ့ အညစ်ညမ်းဆုံး နေရာတွေဟာ ထမင်းစားပွဲခုံပေါ်မှာလည်း ရှိနေနိုင်ပါတယ်။ အအေးမိစေတဲ့ ဗိုင်းရပ်စ်တွေဟာ ငရုတ်သီး၊ ဆားဘူးတို့လိုမျိုး အကိုင်အတွယ်များတဲ့ နေရာတွေမှာ ရှိနေတတ်ပါတယ်။ ဒါကြောင့် အစားအသောက်တွေ ပြင်ဆင်ပြီးတဲ့အခါ၊ စားသောက်ပြီးတဲ့ အခါတွေမှာ ခုံကို သန့်ရှင်းရေးလုပ်တိုင်း ဒီဘူးတွေကိုပါ အဝတ်နဲ့ သုတ်ပေးရပါမယ်။ ပိုမွှားတွေ ပြန့်ပွားတာကို ကာကွယ်ဖို့ အကောင်းဆုံး နည်းလမ်းကတော့ လက်ကိုမကြာခဏ ဆေးပေးခြင်းပါပဲ။ ရီမုတ် ဒီပစ္စည်းလေးဟာ ကြမ်းပြင်ပေါ် ကျနေနိုင်သလို ဆိုဖာတွေ ကြားမှာလည်း ညပ်နေနိုင်ပါတယ်။ ဒီလိုနေရာမျိုးတွေမှာ နှာချေခြင်း၊ ချောင်းဆိုးခြင်းက ထွက်လာတဲ့ပိုးမွှားတွေ စုပုံနေတတ်ပါတယ်။ ရီမုတ်တစ်ခုတည်းကိုပဲ တစ်အိမ်သားလုံးက သုံးစွဲကြပါတယ်။ ဒါကြောင့် အိမ်ရှိ လူတိုင်းဟာ ပိုးကောင်ပေါင်းများစွာနဲ့ ထိတွေ့နိုင်ပါတယ်။ ရီမုတ် ၅၀ ရာခိုင်နှုန်းမှာ အအေးမိစေတဲ့ ဗိုင်းရပ်စ်တွေ အဓိကရှင်သန်တတ်ပါတယ်။ ဒါကြောင့် အရက် ဒါမှမဟုတ် ချွတ်ဆေးအနည်းငယ်ကို သုံးပြီး သန့်ရှင်းရေး လုပ်ပေးသင့်သလို မကိုင်တွယ်ခင်နဲ့ ကိုင်တွယ်ပြီးချိန်တွေမှာ လက်ဆေးပေးဖို့ လိုအပ်ပါတယ်။ ကွန်ပျူတာကီးဘုတ် ကွန်ပျူတာနားမှာ အစာစားမယ်၊ နှာချေမယ်၊ စားရင်း လက်မဆေးရသေးခင် သုံးနေမယ် ဆိုရင် ကီးဘုတ်ဟာ ရောဂါပိုးတွေ စုဝေးရာ နေရာကြီး ဖြစ်သွားပါလိမ့်မယ်။ ကျန်းမာရေးကို ထိခိုက်စေတဲ့ E-Coli နဲ့ Staph ပိုးကောင်တွေ စုဝေးနေတတ် ပါတယ်။ ကီးဘုတ် ၃၃ ခုမှာ လေးခုက ပိုးတွေအများအပြားရှိနေတတ်ပါတယ်။ ဒါကြောင့် ကွန်ပျူတာအနားမှာ မဖြစ်မနေ အစာစားရမယ် ဆိုရင်လည်း အစာအစအန တွေ မကျန်ပါစေနဲ့။ အရက် ဒါမှမဟုတ် ချွတ်ဆေးကိုသုံးပြီး သန့်ရှင်းရေး လုပ်တဲ့အခါတိုင်း မှာ Mouse ကိုပါ သန့်ရှင်းပေးပါ။ ရေချိုးခန်း ကျွန်မတို့ကို သန့်ရှင်းစေတဲ့ ဒီရေချိုးခန်းကြီးဟာ သူကိုယ်တိုင်တော့ မသန့်ရှင်းပါဘူး။ ရေချိုးခန်းရဲ့ ပိုက်ဆက် နေရာတိုင်းမှာ ပိုးမွှားတွေ ခိုအောင်းနေ တတ်ပါတယ်။ ရေစိမ်ကန်တွေဆိုရင် ပိုဆိုးပါတယ်။ မှိုတွေဟာ စွတ်စိုထိုင်းမှိုင်းမှုကို သဘောကျတာကြောင့် ၈၁ ရာခိုင်နှုန်းသော ရေချိုးခန်းတိုင်းဟာ မှိုစွဲနေပြီး ၃၄ ရာခိုင်နှုန်းကတော့ ဘက်တီးရီးယားတွေ ခိုအောင်းနေတတ်ပါတယ်။ ဒါကြောင့်အိမ်သာကို သန့်ရှင်းရေးလုပ်ဖို့ သတိရတိုင်း ရေချိုးခန်းကိုပါ ထည့်သွင်း စဉ်းစားပါ။ အထူးသဖြင့် ပိုက်ဆက်နေရာတွေကို သတိထားပြီး သန့်ရှင်းရေးလုပ်ပေးပါ။ Credit#Good Health

วันพฤหัสบดีที่ 21 พฤษภาคม พ.ศ. 2558

လူတော်သုံးဦး ပညာတတ်.ပညာရှိ.ပညာရှင်....... ပညာတတ်ဆိုသည်မှာ သင်ကြား ထားသော ပညာရက်တွေကို တတ်မြောက်သောလည်း သူတစ်ပါးကိုပြန်လည်မပို့ချနိုင်။် ပညာရှိဆိုသည်မှာ ကိုယ်လေ့လာ ထားသောပညာရက်တွေကို ပြန်လည်ပို့ချနိုင်သောဆရာလုပ်နိုင် သောအရည်အချင်းရှိသောသူကို ပညာရှိလိုခေါ်ဝေါ်ကြတယ။်  ပညာရှင်ဆိုသည်မှာသင်ကြားထား သောလေ့လာထားသောပညာရက် တွေကို ပြန်လည်ပို့ချနိုင်သော အရည်အချင်းရှိတယ် တီထွင် ကြံဆနိုင်သောအရည်အချင်း တွေရှိသူကို ပညာရှင်လို့ခေါ်ဝေါ် ကြတယ်။ Credit#original writer

စိတ်ကို အဟာရဖြစ်စေသော စာများ

- ကိုယ့်ရဲ့ကျော်ကြားမှုဟာ သူများလက်ထဲမှာရှိနေတယ်။ ကိုယ့်ရဲ့ဂုဏ်သိကာနဲ့ ကိုယ်ကျင့်တရားကတော့ ကိုယ့်လက်ထဲမှာပဲရှိတယ်။

- ကိုယ့်ကိုသူတစ်ပါးက မလေးစားတာ တော်တော်ဆိုးပါတယ်။ ဒါပေမယ့်ကိုယ့်ကိုယ်ကို မလေးစားနိုင်တော့တာက ပိုဆိုးပါတယ်။

- ငါ့ကိုယ်ငါ လေးစားမှုရှိနေသေးသရွေ့သူများဘယ်လိုထင်တယ်ဆိုတာကို ကြောင့်ကျဂရုစိုက် နေဖို့မလိုပါဘူး။

- ကိုယ့်ကိုယ်ကို အထင်မသေးတဲ့သူဟာသူများကိုယ့်ကိုအထင်သေးတာကိုဂရုမစိုက်ဘူး။ ကိုယ့်ကိုယ်ကို ကျေနပ်တဲ့သူဟာ သူများဘာပြောပြောခံနိုင်တယ်။

- သူများချီးမွမ်းတိုင်းကဲ့ရဲ့တိုင်း ကိုယ့်စိတ်မှာ ခံစားမှုတွေဖြစ်နေတယ်ဆိုရင် ကိုယ့်စိတ်ဟာ သူများပိုင်နက်ဖြစ်နေပြီပေါ့။

- နေရာတစ်ခုကိုမရမက မယူချင်တဲ့သူအဖို့ နေရာပျောက်တယ်ဆိုတာ မရှိနိုင်တော့ဘူး။

- သူများအမှတ်ပေးလို့ရတဲ့ အ၇ာတွေအားလုံးဟာသူများနယ်မြေပဲ။ ဘယ်သူ့မှအမှတ်ပေးလို့ မရတာမှ ကိုယ့်နယ်မြေ။ ကိုယ့်နယ်မြေအစစ်ထဲမှာ ကိုယ်နေရင် ဘယ်သူမှဖယ်ခိုင်းလို့မရဘူး။

- သူများပါးစပ်လှုပ်တိုင်း ကိုယ့်စိတ်ကလှုပ်ရှားရမယ်ဆိုရင် ကိုယ့်ဘ၀ဟာ သူများပါးစပ်မှာလမ်းဆုံးသွားမယ်။

- ကိုယ့်ကိုတကယ်နှိပ်စက်နိုင်တာ ကိုယ့်အတွေးတွေပဲ။ တခြားသူတွေက ကိုယ့်စိတ်ထဲဝင်လာပြီး နှိပ်စက်လို့မရဘူး။

- ကိုယ့်ကိုယ်ကိုချောင်ပိတ်တဲ့အတွေးမျိုးတွေကို မတွေးပါနဲ့။

- လူတွေကိုတော့လေးစားပါ ဒါပေမယ့်သူတို့ဝေဖန်တာကိုတော့ သိပ်ဂရုမစိုက်ပါနဲ့။

- လူမသိတဲ့အရာ လူမသိနိုင်တဲ့အရာ ။ သူများတိုင်းတာလို့ မရနိုင်တဲ့အရာဟာကိုယ့်အတွက် တန်ဖိုးအရှိဆုံး၊ တန်ဖိုးမဖြတ်နိုင်တဲ့ အရာဖြစ်တယ်။ သူများသိနိုင်တဲ့အရာ၊ သူများတိုင်းတာလို့ ရတဲ့အရာဟာ ကိုယ့်အတွက် တန်ဖိုးအရှိဆုံးအရာ မဖြစ်နိုင်ဘူး။

- ကိုယ့်အတွက်အားကိုးစရာအကောင်းဆုံးဟာ ကိုယ့်ရင်ထဲမှာရှိမှ ဖြစ်မယ်။ အပြင်မှာရှိနေလို့မဖြစ်ဘူး။ အပြင်မှာရှိနေတာ ဘယ်အရာမှ အားကိုးစရာအစစ်မဖြစ်ဘူး။

- တကယ်တော့ဘယ်ဟာမှ အရေးမကြီးဘူးဆိုတာကို နားလည်ပါ။ ဘာအတွက်မှ စိတ်ဆင်းရဲ မခံပါနဲ့။

- သူများက ကိုယ့်အပေါ် မတရားတာရှိစေတော့ ကိုယ့်ကိုယ်ကိုတော့တရားမှာဖြစ်မယ်။

- အခြေအနေက ဘယ်လိုပဲဖြစ်နေနေ စိတ်ဆင်းရဲနေတာဟာ ဘာမှအကျိုးမရှိပါဘူး။

วันพุธที่ 13 พฤษภาคม พ.ศ. 2558

    လူသေလျှင်၊ သုသာန်၌၊ အလောင်းမီးသင်္ဂြိုလ်ခါနီး၊ သေသူ၏၀ိညာဉ်ဟု ယူဆကာ ပန်းပွင့်တစ်ပွင့်ကို အိမ်သို့  ပြန်ယူလာတတ်ကြသည်။ သေသူ၏၀ိညာဉ်သည်၊ ရက်လည်(ခုနှစ်ရက်)နေ့ တိုင်အောင်၊ အိမ်တွင်း၌ပင် ရှိနေဆဲဟု အယူရှိကြသည်။ သေသူ၏ ဓါတ်ပုံရှေ့တွင်လည်း၊ သေသူကထပြီး စားသောက်လေဟန်၊ မနက်ဆိုလျှင် မနက်စာ စားသောက်ဖွယ်များ၊ နေ့ လည်ဆိုလျှင် နေ့ လည်စာ ဟင်းလျာများ၊ ညနေဆိုလျှင် ညနေစာ စားသောက်စရာများ၊ သေသူအသက်ထင်ရှားစဉ်က၊ ကြိုက်နှက်သက်သည့် စားသောက်ဖွယ်ရာ အတိုင်း ထမင်းပွဲပြင်ဆင်တတ်ကြသည်။      မှားယွင်းသည့် အယူအဆကို အခြေခံသော အသုဘဓလေ့ အမှားတွေဟု သိဟန်မတူကြ။ ဆက်ပြီးဆက်ပြီး အမှားကို လက်ဆင့်ကမ်း မှားနေကြပါသည်။      ဤဓလေ့နှင့် စပ်လျဉ်း၍ ဘိုးတော်မင်းတရားကြီးက မုနိန္ဒာဘိ လင်္ကာရ သဒ္ဓမ္မဓဇသာမိ၊ မဟာဓမ္မရာဇာ ဘွဲ့ တံဆိပ်တော် ကို ဆက်ကပ်လှူဒါန်းခြင်း ခံရသော စတုဂီရိ တောင်လေးလုံး ဆရာတော်ဘုရားကြီးက==== လူသေသော် ရက်လည်မှ အိမ်ကသွားသည်ဟူ၍လည်း အယူမှားကြသည်။ သေပြီးလျက် အစာလာ၍စားဦးမည်ဟု ခွက်နှင့်ထမင်းကို အလောင်းအပါးတွင် တည်ထားကြသည်။ သေသော စုတိစိတ်အဆုံး၌ ပဋိသန္ဓေစိတ်ဖြစ်၍ ဘ၀ ခြားလေပြီဖြစ်လျက် အိမ်မှာခုနှစ်ရက် နေခြင်း စသည်ကို အဘယ်သို့ ပြုပြင်ရှာအံ့နည်း။ ပစ္စုပ္ဖန် ဘ၀အဆုံး  သေခြင်း၊ စုတိစိတ်ဖြစ်၍ ချုပ်သည်၏အခြားမဲ့၌ ပဋိသန္ဓေစိတ် ဖြစ်မြဲဖြစ်သည်။ သေခြင်းစုတိစိတ်နှင့် ပဋိသန္ဓေ စိတ်အကြားမရှိ။ ထို့ ကြောင့် သေပြီးသော အသက်ဝိညာဉ်သည် အိမ်တွင်းခုနှစ်ရက်နေပြီးမှ ဘ၀တစ်ပါးသို့  ကူးသွားသည်ဟူသော မှားသောအယူကိုစွန့် ကုန်ရာ၏။ မစွန့် ဟူ၍ အမြဲယူပါက နိယတမိစ္ဆာဒိဌိ ဖြစ်ရာသည်။ ။ {ဩ၀ါဒပေါင်းချုပ် (မင်းနန်) မော်ကျွန်းကို ကိုးကားရေးသားပူဇော်ပါသည်။}      (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်                      ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)   

ကြက်ဥ၊ ဘဲဥနှင့် ဥအမျိုးမျိုးတို့မှ ရရှိနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးများကို ကျန်းမာရေး သတင်းများမှ ဖော်ပြပေးလိုက်ပါတယ်။  လူတိုင်းကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။ ၁။ ကြက်ဥ၊ ဘဲဥနှင့် ဥအမျိုးမျိုးတို့မှာ ပါဝင်တဲ့ ပရိုတင်းဓါတ်တွေကြောင့် လူ၏ ခန္ဓာကိုယ်ကိုလည်း သန်မာထွားကြိုင်းလာစေနိုင်သလို ကြွက်သားများကိုလည်း ပို၍ သန်မာစေနိုင်ပါတယ်။ ၂။ ဥအမျိုးမျိုးတို့၏ အနှစ်ထဲမှာ ပါဝင်တဲ့ ဗီတာမင်ဘီ ကိုလင်းဓါတ်ဟာ ဦးနှောက်နှာ့ဗ်ကျောတို့၏ လှုပ်ရှားမှုများကို သန်မာစေပြီး အားကောင်းစေသည့်အတွက် ဦးနှောက်အာဟာရကို ဖြစ်စေပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်များ ဥအမျိုးမျိုးကို များများစားပေးသင့်ပါတယ်။ ၃။ ကြက်ဥ၊ ဘဲဥတို့ကို နံနက်စာအဖြစ် စားသုံးပေးပါက ကိုယ်အလေးချိန်ကိုလည်း ထိန်းပေးနိုင်ပါတယ်။ ၄။ ကြက်ဥမှာပါဝင်တဲ့ ဆာလဖာဓါတ်ဟာ ကော်လာဂျင်၊ ကီလာတင်တို့ကို ထုတ်လုပ်ပေးနိုင်တာမို့ အသားအရေကို လှပစေပါတယ်။ လက်သည်း၊ ဆံပင်စသည်တို့ကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။ ရင်သားကင်ဆာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ၅။ ကြက်ဥ၊ ဘဲဥ စတဲ့ဥအမျိုးမျိုးတို့မှာပါဝင်တဲ့ လူတင်နဲ့ ဇီဇန်သင်းပရိုတင်းဓါတ်တွေဟာ Macular Degeneration လို့ခေါ်တဲ့ အသက်အရွယ်ရလာတာနှင့်အမျှ လျှော့နည်းလာတဲ့ မျက်စိအားနည်းလာမှု ကို ကာကွယ်ပေးနိုင်ပါတယ်။ နှလုံးသွေးကြောကို ကောင်းမွန်စေတာကြောင့် နှလုံးသွေးခဲမှုနှင့် လေဖြတ်ရောဂါများကိုလည်း လျှော့ချပေးနိုင်ပါတယ်။ စောနွဲ့ နေဆိုင်(ပူတာအို) ဘာသာပြန်သည်။ ကိုးကား။ ။ Eggs for health & Good Health.

လူတိုင်းရဲ့ ကမ္ဘာကြီးမှာ ကမ္ဘာငယ်လေးတွေ အများကြီးပါဝင်ပါတယ်။ မိသားစုက ကမ္ဘာငယ်လေး တစ်ခု၊ မိတ်ဆွေတွေက ကမ္ဘာလေးတစ်ခု၊ ကိုယ်ချစ်ရတဲ့သူက ကမ္ဘာငယ်လေးတစ်ခု စသဖြင့်ပေါ့။ ကိုယ့်မိသားစုကမ္ဘာကြီးမှာဆိုလည်း အဖေက ကမ္ဘာငယ်လေးတစ်ခု၊ အမေက ကမ္ဘာငယ်လေးတစ် ခု၊ ညီလေးက ကမ္ဘာငယ်လေးတစ်ခု၊ ညီမလေးက ကမ္ဘာငယ်လေးတစ်ခု၊ ဆွေမျိုးသားချင်းက ကမ္ဘာငယ်လေးတစ်ခု စသဖြင့်ပေါ့။ မိမိကမ္ဘာထဲမှာ ကမ္ဘာငယ်လေးတွေအဖြစ်နဲ့ ပါဝင်နေတဲ့သူတွေဟာ ကိုယ့်ကမ္ဘာလှဖို့ အတွက် တစ် ချို့ က အထောက်အကူပေးတယ်၊ တစ်ချို့ က ကိုယ့်ကမ္ဘာ ခိုင်မှာဖို့ တွန်းအားတွေပေးတယ်၊ တစ် ချို့ က ကိုယ့်ကမ္ဘာအတွက် စိန်ခေါ်မှုတွေ ပေးတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ကမ္ဘာငယ်လေးတွေကို ဘယ်တော့မှ အပြစ်မတင်ပါနဲ့ ။ သူတို့ တွေ ဟန်ချက်ညီညီပေါင်းစည်းပေးမှ ကိုယ့်ကမ္ဘာကြီးက ၀င့်ဝင့်ထည်ထည်နဲ့ လှတာပါ။

လူတိုင်းလူတိုင်းကို တစ်ရက်မှာ ၈ နာရီစာ အပိုင်းအခြားသုံးခုစီ မျှမျှတတပေးထားတယ်။ ပထမ ၈ နာရီမှာ လူတွေအလုပ်လုပ်ကြတယ်၊ ဒုတိယ ၈ နာရီမှာ လူတွေအိပ်ကြတယ်။ လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ ကွဲပြားခြားနားချက်တွေကို များသောအားဖြင့် တတိယ ၈ နာရီကနေ ဖန်တီးခဲ့ကြတာပဲ.. လမ်းနှစ်လမ်း လူတိုင်းမှာ လျှောက်စရာလမ်းနှစ်လမ်းရှိတယ်၊ တစ်လမ်းကလျှောက်ကိုလျှောက်ရမယ့်လမ်း၊ နောက်တစ်လမ်းက ကိုယ်လျှောက်ချင်တဲ့လမ်း။ မလျှောက်မနေ လျှောက်ကိုလျှောက်ရမယ့်လမ်းကို လှလှပပလျှောက်ပြီးမှ ကိုယ်လျှောက်ချင်တဲ့လမ်းကို လျှောက်လို့ရပါလိမ့်မယ်...

วันอังคารที่ 12 พฤษภาคม พ.ศ. 2558

ငလျင်လှုပ်လျင် ကာကွယ်နည်းများ

ငလျင် လှုပ်ရင်......
အခုအချိန်မှာ...သဘာဝဘေးအန္တရာယ် တွေဟာ နေရာတိုင်းမှာ ဖြစ်ပေါ်နေကြတာကို စာဖတ်သူတိုင်း သိရှိကြမှာပါ.....
တကယ့်ကိုယ်တွေ့ကြုံလာတဲ့ အချိန်....ပျာယာမခတ် ပဲ လုပ်ဆောင်သင့် သည်များကိုအချိန်မှီ လုပ်ဆောင်နိုင်ဖို့အတွက် ဒီဆောင်းပါးလေး ကို ပြန်လည်ဝေမျှလိုက်ပါတယ်........

၁။ ငလျင်လှုပ်လို့ အဆောက်အအုံ တစ်ခုပြိုတော့မလို ဟန်ပြင်နေရင် လူ တော်တော်များများဟာ တစ်ခုခု အောက်ထဲ ဝင်ပုန်းဖို့လောက်ပဲ သိကြလို့ အဆောက်အအုံပိသေ ကြရပါတယ်။ စာရေးစားပွဲတွေ၊ ကား တွေအစရှိတဲ့ အရာတွေအောက်ဝင် ပုန်းသူတွေဟာ အဖြစ်ဆိုးနဲ့ ကြုံတွေ့ ကြရပါတယ်။

၂။ ခွေးတွေကြောင်တွေနဲ့ကလေးငယ် တွေဟာ သန္ဓေသားလောင်းပုံစံ အတိုင်း ခွေအိပ်လေ့ရှိတာကို မြင်ဖူး
ကြမှာပါ။ ငလျင်လှုပ်ပြီ ဆိုရင်လည်း အဲဒီလိုအနေအထားနဲ့ မြေကြီးပေါ်မှာ လဲလျောင်းနေသင့်ပါတယ်။ ဒါဟာ သဘာဝကပေးတဲ့ ဘေးကင်းလုံခြု ရေးအသိပညာပါပဲ။ ခွေခေါက်နေခြင်း အားဖြင့် နေရာလွတ်သေးသေးလေး ထဲမှာ အသက်ရှင်ရက်ကျန်ရှိဖို့ အခွင့် သာသွားစေပါတယ်။ အလွယ်တကူ ပြားချပ်မသွားနိုင်တဲ့ ဆိုဖာထိုင်ခုံ၊ ခုတင်အစရှိတဲ့ထုထည်ကြီးကြီးအရာ တွေဘေးမှာ ခွေခေါက်နေလို့ရမယ့် နေရာလွတ်မျိုးရှိတတ်ပါတယ်။

၃။ ငလျင်လှုပ်နေစဉ်ကာလအတွင်း မှာ ပျဉ်ထောင်အိမ်တွေဟာ အလုံခြုံ ဆုံးပါပဲ။ သစ်သားဟာ ကွေးလွယ် ညွတ်လွယ်လို့ ငလျင်လှိုင်းတွေနဲ့ အတူ အလိုက်သင့်လှုပ်ရှားနိုင် ပါတယ်။ ပျဉ်ထောင်အိမ်တစ်လုံး ပြိုကျတယ်ဆိုစေ ဦးတော၊့ နေရာလွတ်တွေအများကြီးချန်ထား ခဲ့ပါလိမ့်မယ်။ ဒါ့အပြင် ပျဉ်ထောင် အိမ်တွေဟာပြိုကျရင်ပိမယ့်အလေး ချိန်လည်းနည်းပါး ပါတယ်။ အုတ် တိုက်တွေကတော့ ငလျင်လှုပ်ရင် အုတ်ချပ်တွေအဖြစ်တစ်စစီပြိုကွဲကျသွား တတ်လို့ အောက်မှာရှိနေမယ့်လူတွေ အတွက်အန္တရာယ်ရှိပါတယ်။

၎။ ညအချိန်ငလျင်လှုပ်တဲ့အခါခုတင် ပေါ်မှာတိုက်တိုက်ဆိုင် ဆို င်ရောက် နေ ရင် ခုတင်ဘေးကိုသာလှိမ့်ချလိုက် ပါ။ ငလျင်လှုပ်ရင် ခုတင်ဘေးလိမ့်ဆင်းဖို့အကြံပြုချက်တွေကိုသာခုတင် ခြေရင်းမြင်သာတဲ့နေရာမှာ ကပ်ထား ပေးနိုင်မယ်ဆိုရင် လူအသေအပျောက် နည်းသွားနိုင်ပါတယ်။

၅။ ငလျင်လှုပ်ချိန်မှာ တံခါး၊ ဒါမှ မဟုတ် ပြတင်းပေါက်ကနေပြေးထွက် ဖို့အချိန်မရတော့ဘူးဆိုရင် ဆိုဖာကြီး ကြီးဒါမှမဟုတ် ဗီရိုကြီးကြီးဘေးမှာခွေခေါက်ပြီးနေလိုက်ပါ။

၆။ တံခါးကျည်းဘောင်အောက်မှာ ဝင်ပုန်းတဲ့သူတွေဟာ သေဆုံးကြရပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ ငလျင်လှုပ်လို့  ကျည်းဘောင်ပြုတ်ထွက်သွား ချိန်မှာ အပေါ်ကအုတ်၊ အင်္ဂတေအစ ရှိတာတွေ ပြိုကျလာနိုင်လို့အခန် မသင့်ရင် ခန္ဓာကိုယ်နှစ်ပိုင်းပြတ်သွားနိုင်ပါတယ်။

၇။ လှေကားခွင်ထဲမှာ ဘယ်တော့မှမ နေပါနဲ့။ လှေကားတွေဟာ ပင်မအ ဆောက်အအုံနဲ့ တစ်ဆက်တည်းမရှိ တတ်ဘဲ ပုခက်လွှဲသလို ယိမ်းခါနေ အောင် တည်ဆောက်ထားတတ်တာ မို့ ငလျင် လှုပ်ပြီ ဆိုရင် ပြုတ်ကျလာပြီး အောက်မှာရှိတဲ့သူတွေကို လှေကား ထစ်တွေက အပိုင်းပိုင်း ခုတ်ဖြတ်ပစ် တတ်ပါတယ်။ အဆောက်အအုံပြို မကျနိုင်ဘူး ဆိုရင်တောင် ထွက်ပြေးနေတဲ့သူတွေနဲ့ လှေကားပြည့်သွားပြီး ပြုတ်ထွက် သွားနိုင်တဲ့ အန္တရာယ်ရှိလို့ လှေကားကြံ့ခိုင်မှုကို မပြတ်စစ်ဆေး သင့်ပါတယ်။

၈။ နံရံတွေရဲ့အတွင်းဘက်ထက် အ ပြင်ဘက်မှာရောက်နေစေဖို့ကြိုးစား ပါ။ အတွင်းဘက်မှာ ရောက်နေလို့ အဆောက်အအုံပြိုကျခဲ့ရင် ထွက်ပေါက် ရှာမရဖြစ်တတ်ပါတယ်။

၉။ ငလျင်လှုပ်ချိန်မှာမော်တော်ယာဉ်တွေအတွင်း ဝင်ရောက်ပုန်းအောင်းသူတွေ
ဟာ ပြင်ပကအရာတွေသူတို့ အပေါ်ပိတဲ့အခါထွက်ပြေးလို့မရဘဲ ပိသေကြရပါတယ်။ တကယ်လို့သာ ကားထဲကထွက်လာပြီးကားဘေးနား ကပ်လျက် ခွေခေါက်အိပ်နေရင်တောင် အသက်ရှင်သန်မှုအခွင့်အရေး ပိုရှိနေပါသေးတယ်။ ကားတွေဟာ ဘယ်လောက်ပဲပိပိ သူတို့ရဲ့ဘေးကပ် လျက်မှာ သုံးပေလောက်ကွက်လပ် ကျန်ခဲ့တတ်ပါတယ်။ ဒီကွက်လပ် လေးဟာ အသက်ကယ်တြိဂံပါပဲ။

၁၀။ ပြိုကျပျက်စီးနေတဲ့သတင်းစာ တိုက်တွေနဲ့စာရွက်အသုံးများတဲ့ အ ခြားရုံးတွေကိုဝင်ရောက် ကြည့်ရှုဖူး တဲ့အတွေ့အကြုံအရ စက္ကူတွေဟာ လွယ်လွယ်နဲ့ပြားကပ်မသွားတတ်တာ ကိုတွေ့ရပါတယ်။ စက္ကူပုံကြီးဘေး နားမှာဆိုရင်တော့ နေရာလွတ်ကြီး ကြီးမားမားကျန်တတ်ပါတယ်။ ဒီအချက်တွေကို ၁၉၉၆ခုနှစ် မှာလက်တွေ့စမ်းသပ်ကြည့်ပြီးသား ဖြစ်ပြီး တူရကီအစိုးရ၊ အစ္စတန်ဘူလ်မြို့အုပ်ချုပ်ရေးအဖွဲ့နဲ့ ARTI ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ စမ်းသပ် ချက်မှာ သိပ္ပံနည်းကျအဖြေထွက် ခဲ့ပါတယ်။
 

ဦးနှောက်အကြောင်း

ရှာရှာဖွေဖွေ ဦးနှောက်ရဲ့ ထူးခြား ၁၂ ထွေ

၁။ သင့်ဦးနှောက်က သင့်ရဲ့ အထိအတွေ့ကို မှတ်မိနေ ပါတယ်။ ဒါကြောင့် ကိုယ့်ကိုကိုယ် ကလိထိုးတဲ့ အခါ မယားပါဘူး။

၂။ ဦးနှောက်က အိပ်မက် မက်တဲ့ အချိန်မှာ နိုးနေတဲ့ အချိန်ထက် လုပ်ဆောင်ချက်တွေ ပိုမို လုပ်ဆောင် ရပါတယ်။

၃။ တစ်ရက်ကို ပျှမ်းမျှခြင်း အားဖြင့် အတွေးပေါင်း ၇၀၀၀၀လောက် တွေးလေ့ ရှိပါတယ်။

၎။ သင့်ဦးနှောက်က လျှပ်စစ် watt ပေါင်း ၁၀-၂၃ watt ထိထုတ်ပါတယ်။

၅။ သင့်ဦးနှောက်ကို အပြည့်အ၀ အသုံးချ နေရပြီး ၁၀ရာခိုင်နှုန်းကို မသုံးဘဲ ထားတယ် ဆိုတဲ့ အယူက မမှန်ပါဘူးတဲ့။

၆။ ဦးနှောက်က pain receptors မပါဝင် တာကြောင့် နာကျင်မှုကို မခံစား နိုင်ပါဘူး။ ခေါင်းကိုက်တာဟာ နာဗ်ကြော တွေနဲ့ ခေါင်းထဲက ကြွက်သား တွေက ခံစား သိနိုင်တာပါ။

၇။ stress ဖိအားတွေက ဦးနှောက်ရဲ့ ဆဲလ်တွေနဲ့ သူတို့ရဲ့ လုပ်ဆောင်ချက်ကို ပြောင်းလဲ ပစ်နိုင်ပါတယ်။

၈။ တေးဂီတက ဦးနှောက်ကို ပိုပြီး စည်းစနစ် ကျကျဖြစ်အောင် ကူညီပေး ပါတယ်။

၉။ ဦးနှောက်က amygdala ကတခြားသူ တွေရဲ့ မျက်နှာက ခံစားချက် အပြောင်းအလဲကို ဖတ်တဲ့နေရာမှာ ကူညီပေး ပါတယ်။

၁၀။ ဦးနှောက်က သူ့ရဲ့ လုပ်ဆောင်ချက် တွေပြုလုပ် နိုင်ဖို့ သွေး၂၀ရာခိုင်နှုန်းနဲ့ အောက်ဆီဂျင်တွေ လိုအပ်ပါတယ်။

၁၁။ သင်ချစ်တတ်တယ် ဆိုတာ ဦးနှောက်ထဲက chemical တစ်မျိုး ဖြစ်တဲ့ "Oxytocin" ကြောင့်ပါ။

၁၂။ ဦးနှောက်ရဲ့ သွေးကြောလေး တွေကို ဆက်ကြည့်လိုက် မယ်ဆိုရင် မိုင်တစ်သိန်းလောက် ရှိပါတယ်။

Credit- Original Writer

วันจันทร์ที่ 11 พฤษภาคม พ.ศ. 2558

“ကုသိုလ်ရအောင် နေနည်း” ••••••••••••••••••••••••••••••••• လောကမှာ လူတွေ နေကြတဲ့အခါမှာ  “ကုသိုလ်ရအောင် နေနည်း၊ ဘယ်လိုနေမယ်” ဆိုတော့ ပြုပြင်ပေးဖို့ လိုအပ်တာလေးတွေ ဟောပြမယ်။ အကျိုးရှိအောင် ဘယ်လိုနေမလဲ။ အကျိုးဆိုတာ ကောင်းကျိုးချမ်းသာရဖို့ကို ဆိုလိုတယ်။  ကောင်းကျိုးချမ်းသာရဖို့ဆိုတာ “အချက် ၄-ချက်” လိုအပ်တယ်။ အချက် ၄-ချက်နဲ့ ကိုယ့်ရဲ့ စိတ်စွမ်းအားတွေကို လေ့ကျင့်ပေးရမယ်။ (၁)။အချက်က “ငါ့သန္တာန်မှာ ဒီဘဝ ရလာတဲ့အချိန်မှာ ကုသိုလ်စိတ်တွေ  များများဖြစ်စေရမယ်”။ •••••••••••••••••••••••••••••••••••••••••••••• ဘာဖြစ်လို့ ကုသိုလ်စိတ်များများ ဖြစ်စေရမှာလဲဆိုရင်  ကုသိုလ်ဆိုတာ အဆိုးတရားတွေ ဖယ်ရှားပြီး၊ အကောင်းတရားတွေကို ဖော်ဆောင်ပေးနိုင်တဲ့တရားမျိုး  ဖြစ်တယ်။ ဒါကြောင့်မို့ “ကုသလ-ကုသိုလ်” “ကု” - ဆိုတာ အဆိုးတရားတွေကို “သလ”-ဖယ်ရှားပေးနိုင်တဲ့စွမ်းအားရှိတဲ့ သဘာဝတရားမျိုးကို ခေါ်တယ်။  အဲဒီသဘာဝစွမ်းအားတွေဆိုတာ ဘာကို ပြောသလဲဆိုရင်  “အလောဘ၊အဒေါသ၊အမောဟ” တို့ကို ခေါ်တယ်။ ●အလောဘဆိုတာ ကိုယ့်ရဲ့ပစ္စည်းကို  အများနဲ့မျှဝေခံစားနိုင်ဖို့၊  လောကမှာ လူဆိုတာ အပေါင်းအသင်းတွေနဲ့  နေတဲ့အခါကျတော့ ကိုယ့်ရဲ့ပစ္စည်းကို  ဆုပ်ကိုင်မထားဘဲနဲ့ မျှဝေခံစားသုံးစွဲနိုင်ရမယ်။  စွန့်လွှတ်နိုင်တဲ့စိတ်မျိုး အလောဘစိတ်ကို ထားနိုင်ရမယ်။  ●အဒေါသဆိုတာ အများရဲ့အကျိုးကို လိုလားတဲ့မေတ္တာ ဖြစ်တယ်။  ●အမောဟဆိုတာ ဘာကို လုပ်သင့်သလဲ၊မလုပ်သင့်ဘူးလဲ ဆိုတာကို သိတဲ့အသိပညာမျိုး ဖြစ်တယ်။ အဲဒီသဘာဝတရားတွေဟာ အဆိုးတရားတွေကို  ဖယ်ရှားနိုင်တာမို့ “ကုသိုလ်”လို့ခေါ်တယ်။ အဲဒီကုသိုလ်တရားတွေ ကိုယ့်ရဲ့ သန္တာန်မှာ  ဖြစ်အောင် လုပ်ရမယ်တဲ့။  “ငါ့ သန္တာန် မှာ ဖြစ်စေရမယ် လို့  ဆုံးဖြတ်ချက် ချထားလိုက်ပါ” တဲ့။  သဒ္ဓါတရားတွေ ဖြစ်စေရမယ်၊သီလတရားတွေ ဖြစ်စေရမယ်၊ သမာဓိစွမ်းအားတွေ ဖြစ်စေရမယ်၊အကောင်းအဆိုး၊ အကြောင်း အကျိုးကို ခွဲခြားသိနိုင်တဲ့အသိဉာဏ်၊ အသိပညာစွမ်းအားတွေ ငါ့သန္တာန်မှာ ဖြစ်စေရမယ်လို့  စိတ်ထဲမှာ သန္နိဋ္ဌာန်ချထားလိုက်ရမယ်။  ဒါကို စာပေက “နိယမိတ”တဲ့။  ကုသိုလ်စိတ် ဖြစ်အောင် လုပ်မယ်။  အကုသိုလ်မဖြစ်စေရဘူးဆို ပြီးတော့  Determination လုပ်တာ၊ ဆုံးဖြတ်ချက်ကို ပိုင်နိုင်စွာ  ချမှတ်ထားရမယ်။ အဲဒီလို စိတ်ကို ဆောက်တည်ထားလိုက်မယ် ဆိုရင် သတိထားတတ်လာပြီးတော့ စိတ်ဟာ  ကောင်းတဲ့ဘက်ကိုပဲ ဦးတည်လာတော့တယ်။ (၂)။ကုသိုလ်စိတ်ဖြစ်ဖို့အတွက်  “သမုဒါစာရ” အလေ့အကျင့်လိုအပ်တယ်။  ••••••••••••••••••••••••••••••••••••••••••••••  ဆိုပါစို့ - မနက်အိပ်ရာထရင် မျက်နှာသစ်မယ်၊ ဘုရားရှိခိုးမယ် ဆိုတဲ့အလေ့အကျင့် လုပ်ထားရမယ်။  ဘုရားရှိခိုး လို့ပြီးမှ မနက်စာ စားမယ်၊ ဘုရားမရှိခိုးဘဲနဲ့ နံနက်စာ မစားဘူးလို့ ဒီလိုအလေ့အကျင့်တစ်ခု ထားရမယ်။  နောက် မေတ္တာပို့မယ်ပေါ့။  ကိုယ့်ရဲ့အိမ်သူအိမ်သားတွေကနေစပြီးတော့ သတ္တဝါတွေ  ကျန်းမာကြပါစေဆိုပြီး မေတ္တာပို့မယ်ပေါ့နော်။ ကုသိုလ်စိတ်  ဖြစ်အောင်အလေ့အကျင့်ဆိုတာ လုပ်ပေးရတယ်။  ဘာပဲဖြစ်ဖြစ် လေ့ကျင့်တယ်ဆိုတာလုပ်ကြရတာပဲ။ Physical Exercise ဆိုရင် မနက်စောစော အိပ်ရာထ  လမ်းလျှောက်ကြတဲ့သူတွေဟာ မှန်မှန်လမ်းလျှောက် ကြရတာပါပဲ၊ ဒါလေ့ကျင့်ခန်း လုပ်တာပါပဲ။  ဒီလိုလေ့ကျင့်ခန်း လုပ်သလိုပဲ နေ့စဉ်ဘဝမှာ ကုသိုလ်တွေ  ရဖို့အတွက် လေ့ကျင့်ကြရမှာပဲ။  မနက်အချိန်မှာ ငါဘာလုပ်ရမလဲ၊ နေ့လယ်အခါမှာ ငါဘာလုပ်ရမယ်ဆိုပြီးတော့  အချိန်အားလျော်စွာ ကုသိုလ်စိတ်တွေ ဖြစ်ကြရမှာပဲ။ အိမ်ရှင်မတွေဆိုရင် ဥပမာ - ထမင်းချက်ရင်းနဲ့လည်း ကုသိုလ်စိတ်တွေဖြစ်အောင် ကျင့်ထားရမယ်။  “ငါချက်ထားတဲ့ထမင်းဟင်းတွေ စားရင်း ဝမ်းမြောက်ဝမ်းသာ  ဖြစ်ကြပါစေ၊ အားလုံးချမ်းသာသုခတွေ ပြည့်ဝကြပါစေ” ဆိုပြီးတော့ မေတ္တာထားကြရမယ်။ အများအတွက် ဆောင်ရွက်ပေးတဲ့ “စိတ်စေတနာ” ဖြစ်တယ်။  ဒါကြောင့်မို့ မေတ္တာလို့ ခေါ်တယ်။ “မေတ္တာ” နဲ့ “တဏှာ” က မတူဘူးနော်။  အရပ်ထဲမှာတော့ မေတ္တာ နဲ့ တဏှာကို ရောထွေးပြီးတော့  သုံးတတ်ကြတယ်။ မေတ္တာဆိုတာ “မိတ်ဆွေရဲ့စိတ်ဓာတ်”ကို  ခေါ်တယ်။ဒါကြောင့်မို့ မေတ္တာဆိုတဲ့စကားလုံးဟာ “မိတ္တ” ကနေ လာတာဖြစ်တယ်။ “မိတ္တဿ ဧသာ မေတ္တာ” “မိတ္တဿ” ဆိုတဲ့ “မိတ်ဆွေသူငယ်ချင်း၏”၊  “ဧသာ=သဘောတရားသည်” ၊  “မေတ္တာ=မေတ္တာဖြစ်သည်”။ မိတ်ဆွေသူငယ်ချင်း အပေါင်းအသင်းပေါ်ထားတဲ့စိတ်မျိုး၊  သတ္တဝါတိုင်းရဲ့အပေါ်မှာ ထားနိုင်ရမယ်။  အားလုံးအပေါ်မှာ မေတ္တာထားနိုင်ရမယ်။ အဲဒီတော့ မေတ္တာဆိုတာ ရင်ထဲ နှလုံးသားထဲမှာ  အမုန်းတရားတွေကို ဖယ်ရှားပြီးတော့ အကျိုးလိုလားတဲ့  စိတ်မျိုးကို ခေါ်တာဖြစ်တယ်။ မေတ္တာပွားမယ်ဆိုရင်လည်း ဘယ်အချိန်မှာမဆို  ပွားလို့ရတယ်။ဆိုပါစို့ -  မေတ္တာစိတ်ဆိုတာ “မနောကံ”ပေါ့။  ❦တစ်ခါတစ်ရံမှာ ကာယကံနဲ့ ပြုရတဲ့မေတ္တာမျိုးရှိသလို၊  ဝစီကံနဲ့ ပြောရတဲ့ မေတ္တာမျိုးလည်း ရှိတယ်။  နှုတ်ကနေ ပြောရမယ့်မေတ္တာမျိုးကို ခေါ်တယ်။  ❦မနောကံ မေတ္တာဆို တာ စိတ်ထဲကနေ  “သတ္တဝါတွေ ကျန်းမာချမ်းသာကြပါစေ” ဆိုပြီး ပွားများတာ ဖြစ်တယ်။ ❦ကောင်း တဲ့အကြံဉာဏ်ပေးတာလည်း  ဝစီကံမေတ္တာဖြစ်တယ်။ ❦လမ်းသွားရင်း ဆူးတွေတွေ့လို့  ဖယ်ရှားပေးမယ်ဆိုရင် ကာယကံမေတ္တာပေါ့။  အိမ်မှာ အလုပ်လုပ်ရင်းနဲ့ အိမ်သူအိမ်သားတွေ  ချမ်းသာစွာ နေထိုင်နိုင်ဖို့ ကူညီဆောင်ရွက်မယ်။ ဒါလည်းပဲ ကာယံမေတ္တာထားတာပဲလေ။  အဲဒီလို ကာယကံမေတ္တာ၊ဝစီကံမေတ္တာ၊ မနောကံမေတ္တာနဲ့နေထိုင်တဲ့အတွက် အကုသိုလ်မဖြစ်ဘဲ၊ “ကုသိုလ်နဲ့ နေတယ်”လို့ခေါ်တယ်နော်။  “အကျိုးရှိတဲ့ နေနည်းပါ” လို့ ဒီလိုပြောတယ်။ ဝေယျာဝစ္စလုပ်ရင်းနဲ့ ကုသိုလ်ရနေတယ်လို့ ခေါ်တယ်။ ဘယ်နေရာမှာပဲဖြစ်ဖြစ် စိတ်ဓာတ်ကို ဖြူစင်အောင်  ထားပြီးတော့ နေမယ်ဆိုရင် ကုသိုလ်နဲ့နေတာပါပဲ။  အချိန်အခါ ရွေးစရာမလိုပါဘူး။  ဘယ်နေရာမှာပဲဖြစ်ဖြစ် ငါ့ရဲ့စိတ်ကို ညစ်မနေစေအောင်  ထားတတ်ရမယ်။ ဒါမှ ငါ့ရဲ့သန္တာန်မှာ ကုသိုလ်တွေပဲ  များများဖြစ်စေရမယ်။မြင်မြင်သမျှအပေါ်မှာ မေတ္တာစိတ်နဲ့ပဲ လုပ်ကိုင်ဆောင်ရွက်ပြောဆို ဆက်ဆံရမယ်ဆိုပြီးတော့ ဆုံးဖြတ်ချက် ချထားလိုက်ပါတဲ့။ (၃)။“ပရိဏိဏာမန”- အမြဲတမ်း ကိုယ့်ရဲ့ စိတ်ကလေးကို ကောင်းတဲ့ဘက်ကိုပဲ  ညွှတ်နေအောင် ထားပေးရမယ်။  ••••••••••••••••••••••••••••••••••••••••••  ဆိုပါစို့ - တစ်ယောက်တည်း အေးဆေးစွာ  နေမိရင် ဘာကိုတွေးမိလဲဆိုတာ ပြန်ဆန်းစစ်ကြည့်။ ကိုယ့်စိတ်ကလေးဟာ ကောင်းတဲ့ဘက်ကို ညွှတ်နေရမယ်။  မကောင်းတဲ့ဘက်ကို ညွှတ်နေမိလို့ရှိရင် ကောင်းတဲ့ဘက်ကို  သတိထားပြီး ညွှတ်မိအောင် ထိန်းသိမ်း လေ့ကျင့်ပေးရမယ်။ ကောင်းတဲ့ဘက်ကို အမြဲတမ်း ဦးလှည့်ပေးရမယ်။ မေတ္တာပွားဖို့အတွက် ဦးလှည့်ပေးရမယ်။ ကောင်းကျိုးချမ်းသာလိုလားသူဖြစ်ဖို့အတွက် ဦးလှည့်ပေးရမယ်။ ကုသိုလ်တရားရဖို့ ဦးလှည့်ပေးရမယ်။  ဒါ လေ့ကျင့်ပေးရင် ရနိုင်တယ်။ (၄)။“အာဘုဇိတိတ” - နှလုံးသွင်းတရား •••••••••••••••••••••••••••••••••••••••••••••  နှလုံးသွင်းဆင်ခြင်မှုက အလွန်အရေးကြီးတယ်။  ဒါကို မြတ်စွာဘုရားက “ယောနိသောမနသိကာရ”လို့ပြောတယ်။  မှန်မှန်ကန်ကန် စဉ်းစားတာ၊ အသိဉာဏ်နဲ့စဉ်းစားတာ။ နှလုံးသွင်းမှု မှန်ကန်တာ၊ လိမ္မာပါးနပ်စွာ စဉ်းစားတာ။ ဒါကို “ယောနိသောမနသိကာ” လို့ခေါ်တယ်။  ဘယ်ကိစ္စပဲဖြစ်ဖြစ် ယောနိသောမနသိကာရ  မထားတတ်လို့ ရှိရင် ကုသိုလ်လုပ်နေတာတောင်မှ  ကုသိုလ်မရဘဲ ဖြစ်တတ်တယ်။ ဒါကြောင့် စာပေမှာ “ယေကေစိ ကုသလာဓမ္မာ သဗ္ဗေ တေ  ယောနိသောမနသိကာရ မူလကာ”တဲ့။  “ကုသိုလ်မှန်သမျှတို့သည် ယောနိသော မနသိကာရပေါ်မှာ အခြေခံသည်”လို့ ဒီလို  မြတ်စွာဘုရားက ဟောထားတယ်။ ဆိုပါစို့ - မိမိသန္တာန်မှာ ဒေါသထွက်နေတဲ့အခါမှာ  ကြမ်းကြမ်းတမ်းတမ်းစကား ပြောမိတယ်။  အဲဒီအခါ မိမိရဲ့စိတ်ထဲမှာ တွေးကြည့်လိုက်စမ်းပါ။  ကြမ်းကြမ်းတမ်းတမ်းစကားကို မိမိကိုယ်တိုင်တောင်မှ  မနှစ်သက်ဘူး။ သူ့ပြောရင် သူလည်း ကြိုက်မှာ မဟုတ်ဘူး။ အဲဒီတော့ ချိုချိုသာသာ ပြောပြီးတော့  ဖျောင်းဖျမယ်-ဒီလို တွေးရမယ်။  အဲဒီလို ဘယ်ကိစ္စပဲဖြစ်ဖြစ် ကြမ်းကြမ်းတမ်းတမ်း  ပြောလိုက်တဲ့စကားဟာ တစ်ဘက်သားကို  နူးညံ့မသွားစေဘူး။ကြမ်းတမ်းသွားစေတယ်။ ပြောတဲ့ပုဂ္ဂိုလ်လည်း ကြမ်းတမ်းသွားမယ်။  နားထောင်တဲ့ပုဂ္ဂိုလ်လည်းပဲ ကြမ်းတမ်းသွားမယ်။  အဲဒီ ၂-ခုကို နှလုံးသွင်းဆင်ခြင်လိုက်မယ်ဆိုရင်  “ယောနိသောမနသိကာရ” နဲ့ စဉ်းစားလိုက်ရင်  ကြမ်းကြမ်းတမ်းတမ်းပြောတာကို ငါ မကြိုက်သလို  သူလည်းပဲ ကြိုက်မှာမဟုတ်ဘူး။  အဲဒီတော့ ငါကြမ်းတမ်းတဲ့စကားတွေကို မပြောဘူး။ နူးညံ့တဲ့စကားတွေကို ပြောမယ်။  အကျိုးရှိအောင် ပြောမယ်လို့နှလုံးသွင်း ဆင်ခြင်လိုက်ရင်  ဒါကို “ယောနိသောမနသိကာရ” လို့ခေါ်တယ်။ ဘယ်အရာပဲဖြစ်ဖြစ်၊ တစ်ဘက်ကနေကြည့်ရင်  ဒေါသထွက်စရာ ဖြစ်ပေမယ့် နောက်တစ်ဘက်ကကြည့်ရင်  ကျေးဇူးတင်စရာတွေ ဖြစ်တတ်တယ်။  အဲတော့ ဒေါသဖြစ်မယ့်ဘက်က မစဉ်းစားဘဲနဲ့  ကျေးဇူးတင်စရာဘက်ကနေ စဉ်းစားရမယ်။  အဲဒီလို စဉ်းစားရင် ဘာဖြစ်သလဲဆိုတော့  ကိုယ့်သန္တာန်မှာ အမုန်းတရားတွေ ကင်းစင်သွားမယ်။  ရင်ထဲနှလုံးထဲမှာ အမုန်းကင်းနေရင်  စိတ်ထဲနှလုံးထဲမှာ ငြိမ်းအေးနေမယ်ပေါ့။  ဒါ လက်တွေ့ရတဲ့အကျိုးတစ်ခုနော်။  ဗုဒ္ဓမြတ်စွာဟောပြောထားတဲ့တရားဓမ္မတွေဟာ  လက်တွေ့ကျင့်သုံးရတဲ့နေနည်းတွေ ဖြစ်တယ်။  Way of life ပေါ့။ ဘဝတစ်ခုဟာ ဘယ်ပုံ ဘယ်နည်းနေရမယ်ဆိုတာ ဗုဒ္ဓမြတ်စွာ ဟောတာ။ ဒါကြောင့်မို့လို့ ကုသိုလ်တစ်ခုခု ဖြစ်ဖို့ရာ  ဟောဒီအချက် (၄)-ချက်နဲ့ပြည့်စုံရမယ်တဲ့. . . ။ (၁)။မိမိစိတ်ကို အမြဲတမ်းကုသိုလ်စိတ်ဖြစ်စေရမယ် ဆိုပြီးတော့ သန္နိဋ္ဌာန်ချထားလိုက်ပါ။  (၂)။စိတ်ကို ကောင်းတဲ့ဘက်ကို အမြဲတမ်း ဦးညွှတ်စေရမယ်။  (၃)။ကုသိုလ်စိတ်ကို အမြဲတမ်းလေ့ကျင့်ပေးရမယ်။  (၄)။အဲဒီအချက်တွေနဲ့ ယောနိသောမနသိကာရ ထားနိုင်ရမယ်။  အဲဒီအချက်တွေနဲ့ပြည့်စုံရင် စိတ်ဟာ အမြဲတမ်း  ကုသိုလ်စိတ်ဖြစ်နေမယ်။ကုသိုလ်တွေ များလာခြင်းအားဖြင့်  ကောင်းကျိုးချမ်းသာတွေ ရလာမယ်။  ဒီဘဝမှာလည်း ကောင်းကျိုးချမ်းသာရရှိမယ်။  နောင်ဘဝမှာလည်း ကောင်းတဲ့အကျိုးကို ခံစားရမယ်။ ၂ဘက်စလုံး ကောင်းမွန်တဲ့တရားဖြစ်လို့  ဒီလိုကုသိုလ်မျိုး များများရအောင် ကျင့်ယူရမယ်။ အလုပ်တစ်ခု လုပ်တဲ့နေရာမှာ  “ငါချည်းပဲ လုပ်နေရတယ်၊သူကတော့ ဘာမှမလုပ်ဘူး” ဆိုပြီးတော့ ဒီစိတ်မျိုး ထားလိုက်ရင်ပဲ “အကုသိုလ်”ဖြစ်သွားပြီနော်။  “ဪ ငါလုပ်ပေးလိုက်တဲ့အတွက် သူတို့လေးတွေ  အဆင်ပြေပြေ ဖြစ်သွားရပြီ” ဆိုပြီး နှလုံးသွင်းလိုက်မယ်ဆိုရင်  ကုသိုလ်စိတ်ကလေးရယ်၊ကောင်းကျိုးချမ်းသာတွေရယ်  ရလာမှာပါ။ လှူတဲ့တန်းတဲ့အခါမှာလည်း အလှူခံပုဂ္ဂိုလ်တွေကို  ကြည့်ပြီးတော့ “ဪ လှူရတန်းရတဲ့အတွက် ငါ့မှာ  ကုသိုလ်တွေ အများကြီးရလာပါလား”ဆိုပြီးတော့  နှလုံးသွင်းမှန်ကန်စွာ ထားနိုင်ရမယ်တဲ့။ စိတ်ထဲက နှလုံးမသွင်းတတ်ရင် အကုသိုလ်အပြစ်တွေ ဖြစ်လာနိုင်တယ်။ စိတ်ကို ဖြူစင်သန့်ရှင်းစွာ ထားနိုင်အောင်  ကြိုးစားရမယ်။လောဘနည်းအောင် ထားရမယ်။  အများကောင်းကျိုးကို ဆောင်ရွက်နိုင်ရမယ်။  “ကုသိုလ်” နဲ့ တွဲလာတဲ့စိတ်ဟာ  ဘယ်တော့မှ မညစ်နွမ်းစေဘူး။  “လောဘ” နဲ့ တွဲတဲ့၊ဒေါသနဲ့တွဲလာတဲ့စိတ်ဟာ  ညစ်ညူးနေတတ်တယ်။  ဘယ်သူ တရားပျက်ပျက်၊ကိုယ်မပျက်စေနဲ့တဲ့။ -【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist's Association】 -【ပါမောက္ခချုပ်ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ】 Posted by► www.facebook.com/youngbuddhistassociation.mm

วันเสาร์ที่ 9 พฤษภาคม พ.ศ. 2558

ကွန်ပြါ်တာ အခမဲ့သင်လိုသူများအတွက်

ဘန်ကောက်မြို့၊ ကယ်ဆယ်ရေးနှင့် အောင်သပြေကျောင်းဆောင် ဆရာတော် ဦးဇောတိက ဦးစီးခွင့်ပြုချက် ရယူထားသော ဆရာညီနေမင်း(နည်းပညာ)သင်ကြားပေးမည့် သင်တန်းနှင့်ပါတ်သက်ပြီး နေ့ရက်၊ အချိန်၊ နေရာ တို့ကို အောက်ပါအတိုင်း စီစဉ်ဆောင်ရွက်ထား ပါသည်။ 

{{{အပတ်စဉ် တနင်္ဂနွေနေ့တိုင်း}}}

အခြေခံသင်တန်းသားများ အချိန်ဇယား
နံနက်(၈)နာရီမှ နေ့လည်(၁၂)နာရီအထိ {ကြားထဲတွင်နားချိန် (၁၅)မိနစ်}

Pro အဆင့် သင်တန်းသားများ အချိန်ဇယား 
နေ့လည်(၁)နာရီမှ ညနေ(၅)နာရီအထိ {ကြားထဲတွင်နားချိန် (၁၅)မိနစ်}

သံဃာတော်အရှင်သူမြတ်များအတွက် သီးသန့်အချိန်ဇယား
ညနေ(၆)နာရီ သတ်မှတ်ထားပါသည်ဘုရား ....

လာရာလမ်းညွှန်။     ။ ဒမော ဘန်းခဲ ဘက်အခြမ်းမှ လိုင်းကားစီးလာသူများ ဘန်းခဲ Lotus မှတ်တိုင်ဆင်းပြီး စီးလာသောကား ထွက်ခွါသွားသောဘက်သို့ လမ်းလျှောက်လာပြီး မီးပွိုင့်အကျော် ဖိကစင်(62/3) အလွန် ယန်းဂိတ်တွေ့လျှင် ၀င်လာပါ။ အပေါ်မှ လာကြိုပေးပါမည်။ 

စီကွန်းဖက်မှ လာသူများ ဘန်းခဲဈေးရှေ့မှတ်တိုင်ဆင်းပါ။ လူကူးတံတားပေါ်တက်ပြီး ဘယ်ဖက်ဆင်းပြီး ပလက်ဖောင်းအတိုင်း တည့်တည့်လျှောက်လာ (62/4) Bangkok Bank အလွန် ယန်းဂိတ်တွေ့မည် အထဲဝင်လာပါ။ 

ကိုချစ်အောင် (090-086-0297) လာကြိုမည့်သူများ
ကိုဇေယျာဖြိုး (099-256-7118) လာကြိုမည့်သူများ