วันพุธที่ 6 พฤษภาคม พ.ศ. 2558
"Hellen Keller ရဲ့ မှတ်သားစရာ အဆိုအမိန့်များ" နားမကြားမျက်မမြင် တစ်ဦးဖြစ်တဲ့ Hellen Kellerကို သိကြမှာပါ။ သူ့ရဲ့မလျော့သော ဇွဲလုံ့လတွေက လေးစားအတုယူဖွယ် ကောင်းလှပါတယ်။ အခုဖော်ပြပေးမှာကတော့ Hellen Keller ရဲ့ အဆိုအမိန့်အချို့ပါ။ ၁။ ကမ္ဘာပေါ်မှာ အကောင်းဆုံးနဲ့ အလှပဆုံးအရာတွေကို မြင်ကြည့်လို မရနိုင်သလို့ တွေ့ထိလို့ လည်း မရနိုင်ပါဘူး။ နှလုံးသားနဲ့ ခံစားကြည့်မှ ရတာပါ။ ၂။ မျက်စိကန်းတာထက် အဆိုးဝါးဆုံးအရာကတော့ မျက်စိအမြင်သာရှိပြီး အနာဂတ်အမြင်မရှိခြင်းပဲဖြစ်တယ်။ ၃။ လောကကြီးဟာ ပျော်ရွှင်မှုတွေနဲ့ပဲ ပြည့်နေရင် ရဲရင့်သတ္တိရှိမှုနဲ့ စိတ်ရှည်သည်းခံတတ်မှုတွေကလည်း ကျွန်မတို့ဆီမှာ ရှိလာမှာမဟုတ်ပါဘူး။ ၄။ အောင်မြင်ခြင်းနဲ့ ပျော်ရွှင်ခြင်းဆိုတာ မိမိအပေါ်မှာသာ မူတည်တယ်။ ကိုယ်တိုင် ပျော်ရွှင်မှု၊ ကိုယ်ပိုင် ပျော်ရွှင်မှုကို အဖြေရှာရမယ်။ အခက်အခဲကို အံတုပြီး မိမိကိုယ်တိုင် ခိုင်မာတဲ့ အရှင်သခင် တစ်ယောက်အဖြစ် ထူထောင်နိုင်ရမယ်။
สมัครสมาชิก:
ส่งความคิดเห็น (Atom)
ไม่มีความคิดเห็น:
แสดงความคิดเห็น