Facebook က ဖေါ်ပြပေးတဲ့ လူ့အဆင့်တန်း
Facebook ဆိုတဲ့ အရာကလေး တစ်ခုကနေ သုံးစွဲနေသူ လူတစ်ဦးတစ်ယောက်ရဲ့ အဆင့်အတန်ကို တစ်နည်းတစ်ဖုံ ဖေါ်ပြနိုင်တယ်ဆိုတာ မမေ့လိုက်ပါနဲ့။
ဦးစွာပထမ ဒီပေ့ခ်ျလေးကို အားပေးဖတ်ရှု လက်ခံသူအပေါင်းကို ကျေးဇူးတင်ပါတယ်။
ဘာလို့လဲဆိုတော့ ဒီပေ့ခ်ျကလေး စထောင်စကတည်းက ပေ့ခ်ျမှာ Negative Comment တွေ လာပေးကြတဲ့သူဆိုတာ အတော်လေးကို နည်းတဲ့အတွက် လက်ချိုးပြီး ရေတွက်လို့ရပါတယ်။
သဘောကျလက်ခံရင် Like ခလုတ်တွေ နှိပ်သွားပေးကြပြီး အားပေးနှစ်သက်ကြရင် Comment ကောင်းကောင်းလေးတွေ ပေးသွားကြပါတယ်။ Message box ထဲဝင်ကြည့်လိုက်ရင်လည်း အကြံပေးစာနဲ့ မိတ်ဆက်စာလေး ကောင်းကောင်းလေးတွေသာ တွေ့ရတာများပါတယ်။
တစ်ယောက်စ နှစ်ယောက်စကတော့ ရိုင်းရိုင်းစိုင်းစိုင်း မဆိုင်တာပြောလို့ Ban လိုက်ရတာတော့ရှိပါတယ်။ ဒါပေမဲ့ တော်တော်လေးကို နည်းတယ်လို့ ဆိုလို့ရပါတယ်။
Like ပေးလို့ ကျေးဇူးတင်တာ မဟုတ်ပဲ ယဉ်ယဉ်ကျေးကျေး အဆင့်တန်းရှိရှိ အားပေးကြတဲ့အတွက် ကျေးဇူးတင်လိုတာပါ။
အခုနောက်ပိုင်းမှာ Social Media ဖြစ်တဲ့ Facebook ဟာ မြန်မာနိုင်ငံမှာရှိတဲ့ လူတွေကြားမှာ အတွင်ကျယ်ဆုံး အသုံးပြုနေတယ်လို့ ဆိုလို့ရပါတယ်။
ရုပ်အမှန် သရုပ်မှန်နဲ့ သုံးနေကြတဲ့သူရှိသလို ရည်ရွယ်ချက် မကောင်းတာတွေနဲ့ သုံးနေတဲ့သူတွေလည်း ရှိကြပါတယ်။
စီးပွားရေးအရပဲဖြစ်ဖြစ် စာပေပြန့်ပွားချင်တာပဲဖြစ်ဖြစ် Facebook Page တွေကလည်း အများကြီး ပေါ်ထွန်းလာပါတယ်။
သတင်းတွေ ၊ ကျန်းမာရေးတွေ ၊ အလှပရေးရာတွေ အစရှိသဖြင့် သိသင့်ဖွယ်ရာလေးတွေကို အစဉ်တစိုက်နဲ့ ကြိုးစားပန်းစားတင်ပြပေးကြတဲ့ ပေ့ခ်ျတွေလည်း ရှိပါတယ်။
ရည်ရွယ်ချက် မကောင်းတာတွေနဲ့ နံမည်ဖျတ်လိုစိတ်နဲ့ တင်ပြနေတဲ့ ပေ့ခ်ျတွေလည်း ရှိကြပါတယ်။
ဒါပေမဲ့ သူတို့ကို အားပေးမပေးက ကိုယ့်ရဲ့ Click လေးတစ်ချက်နဲ့ပဲ သက်ဆိုင်ပါတယ်။
အပေါ်မှာ တင်ပြခဲ့သလို ဘာကြောင့် Facebook ကနေ လူတစ်ယောက်ရဲ့ အဆင့်တန်းကို ဖေါ်ပြနိုင်သလဲဆိုတော့ ။
ကိုယ်ကောင်းတာလေး Like လုပ်လိုက်ရင် တခြားသူတစ်ယောက်ဆီမှာ သွားပေါ်နိုင်သလို ကိုယ်မကောင်းတဲံ ပေ့ခ်ျတစ်ခုခုပဲ ဖြစ်ဖြစ် Like လုပ်လိုက်မိရင်လည်း သူများဆီမှာ သွားပေါ်နိုင်ပါတယ်။
နောက်ပြီး တစ်ချို့သူတွေမှာ ဘာအကျင့်ရှိကြသလဲဆိုတော့ မင်းသား၊ မင်းသမီးတွေ တင်တဲ့ ပို့စ်တွေမှာ ဓါတ်ပုံတွေမှာ မကောင်းတဲ့ Negative comment တွေ အရမ်းကို ရိုင်းစိုင်းတဲ့ စကားလုံးတွေသုံးပြီး သွားရေးလေ့ရှိကြပါတယ်။
သူတင်ချင်လို့တင်တာပဲ ၊သူ့ရဲ့ပါစင်နယ်ဘယ်လိုပဲရှိရှိ ကိုယ်မကြိုက်ရင် မနှစ်မြို့ရယ် Neglect လုပ်လိုက်နိုင်ပါတယ်။ အရေးစိုက်ခြင်း မစိုက်ခြင်းက ကိုယ့်အပေါ်သာ မူတည်သာပါ။
သူ့ရဲ့ ကိုယ်ရေးကိုယ်တာက သူ့အကြောင်းဖြစ်ပါတယ်။
ဥပမာ သူရဲ့ပေ့ခ်ျမှာ မသင့်တော်တဲ့ ပုံတင်ခဲ့ရင်တောင် ဆဲစရာမလိုပါဘူး ။
ဒါမျိုး မတင်သင့်ဘူး မြန်မာ့ယဉ်ကျေးမှုနဲ့ မလျော်ညီဘူးလို့ ယဉ်ယဉ်ကျေးကျေး သုံးသပ်ပြလို့ရပါတယ်။
သူမတင်သင့်တာတင်တာက သူ့သမိုင်းနဲ့ သူ့အဆင့်တန်းကို သူဖေါ်ပြတာပါ။
ကိုယ်ကတော့ ကိုယ့်အဆင့်တန်းကို မဖေါ်ပြမိပါစေနဲ့။
ကိုယ်ရေးလိုက်တဲ့ စာသားလေးတစ်ခုက ကိုယ်တစ်ယောက်တည်း မြင်ရတာမဟုတ်ပါဘူး ။ အပြောခံရတဲ့ ကာယကံရှင်ရော သူ့ပရိတ်သတ်ရော သူ့သူယ်ချင်းတွေရော ကိုယ့်သူငယ်ချင်းတွေပါ မြင်နေရသလို ဒီစာကြောင်းမှာ ကိုယ့်ရဲ့ Profile ပါနေတယ်ဆိုတာလည်း မမေ့ပါနဲ့။
ဒီလောက်ရိုင်းစိုင်းတဲ့စကား ဘယ်သူပြောထားသလဲဆိုတာ Profile တစ်ချက်ထောက်ကြည့်လိုက်တာနဲ့ ကိုယ့်ရဲ့ အဆင့်တန်းက အရင်ကျသွားတာပါပဲ။
ဒါကြောင့် ပြောချင်တာပြောဖို့ Profile အတုဖွင့်မယ်ဆိုပါဆို့။
သူများကတော့ မသိပေမဲ့ ကိုယ့်အဆင့်တန်းက ဘာလဲဆိုတာကိုတော့ ကိုယ့်ဘာသာကို သိပါလိမ့်မယ်။
တစ်ချို့ဆိုရှိပါတယ် ။ ပါးစပ်အရသာခံတယ် ပြောရမလား လက်အရသာခံတယ်ပြောရမလား မဟုတ်တာရေး မဟုတ်တာပြော မဟုတ်တာတင်တာမျိုး ရှိတတ်ပါတယ်။
ငါ့နှမ ငါ့အမသာ ဒီလိုအပြောခံရရင်လို အရင်ဆုံးစဉ်းစားပြီးမှ ရေးစေ ပြောစေ တင်စေချင်ပါတယ်။
Facebook ကို အကျိုးရှိရှိနဲ့ သုံးမယ်ဆိုရင် အများကြီး အကျိုးရှိအောင် အသုံးချလို့ရပါတယ်။
အဆိုးဘက်ကနေ သုံးရင်လည်း အဆိုးတွေရနိုင်ပါတယ်။
အကောင်းနဲ့အဆိုးကတော့ အမြဲဒွန်တွဲနေမယ်ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ လက်ချောင်းကလေးတွေက အကောင်းလုပ်မလား အဆိုးလုပ်မလားဆိုတာကတော့ ကိုယ့်ဦးနှောက်နဲ့ ကိုယ်ဆုံးဖြတ်ပါ။
ကိုယ့်ရဲ့ အဆင့်တန်းကျမဲ့ လုပ်ရပ်မျိုးလဲ မလုပ်သင့်သလို သူများရဲ့နံမည်ကျဆင်းအောင်ရော မလုပ်သင့်ပါဘူး ။
ကိုယ်ချင်းစာစိတ်လေးနဲ့ အသုံးပြုကြပါ။
အဆင့်တန်းရှိရှိ အသုံးပြုကြပါလို့ တိုက်တွန်းချင်ပါတယ်။
ဒီပေ့ခ်ျလေးကို အားပေးနေတဲ့သူတွေအားလုံးကို လေးစားပြီး ကျေးဇူးတင်ပါတယ်။
ပေ့ခ်ျမှာ စာတွေတင်တိုင်း စာဖတ်သူတွေဆီက စာမူခ Like တွေရလို့ အားတိုက်အင်တိုက် ဆက်လက်လှုပ်ရှားနိုင်တာပါ။
ကိုယ့်ကိုချစ်လို့ခင်လို့ အားပေးနေတဲ့သူတွေအားလုံးကိုလည်း စိတ်မပျက်စေချင်ပါဘူး။
ကြုံတုံးကြုံခိုက် အကြံပေးလိုက်တာပါ။ ဆရာလုပ်တယ်လို့ မထင်စေချင်ပါဘူး ။
ไม่มีความคิดเห็น:
แสดงความคิดเห็น