วันพุธที่ 13 พฤษภาคม พ.ศ. 2558

    လူသေလျှင်၊ သုသာန်၌၊ အလောင်းမီးသင်္ဂြိုလ်ခါနီး၊ သေသူ၏၀ိညာဉ်ဟု ယူဆကာ ပန်းပွင့်တစ်ပွင့်ကို အိမ်သို့  ပြန်ယူလာတတ်ကြသည်။ သေသူ၏၀ိညာဉ်သည်၊ ရက်လည်(ခုနှစ်ရက်)နေ့ တိုင်အောင်၊ အိမ်တွင်း၌ပင် ရှိနေဆဲဟု အယူရှိကြသည်။ သေသူ၏ ဓါတ်ပုံရှေ့တွင်လည်း၊ သေသူကထပြီး စားသောက်လေဟန်၊ မနက်ဆိုလျှင် မနက်စာ စားသောက်ဖွယ်များ၊ နေ့ လည်ဆိုလျှင် နေ့ လည်စာ ဟင်းလျာများ၊ ညနေဆိုလျှင် ညနေစာ စားသောက်စရာများ၊ သေသူအသက်ထင်ရှားစဉ်က၊ ကြိုက်နှက်သက်သည့် စားသောက်ဖွယ်ရာ အတိုင်း ထမင်းပွဲပြင်ဆင်တတ်ကြသည်။      မှားယွင်းသည့် အယူအဆကို အခြေခံသော အသုဘဓလေ့ အမှားတွေဟု သိဟန်မတူကြ။ ဆက်ပြီးဆက်ပြီး အမှားကို လက်ဆင့်ကမ်း မှားနေကြပါသည်။      ဤဓလေ့နှင့် စပ်လျဉ်း၍ ဘိုးတော်မင်းတရားကြီးက မုနိန္ဒာဘိ လင်္ကာရ သဒ္ဓမ္မဓဇသာမိ၊ မဟာဓမ္မရာဇာ ဘွဲ့ တံဆိပ်တော် ကို ဆက်ကပ်လှူဒါန်းခြင်း ခံရသော စတုဂီရိ တောင်လေးလုံး ဆရာတော်ဘုရားကြီးက==== လူသေသော် ရက်လည်မှ အိမ်ကသွားသည်ဟူ၍လည်း အယူမှားကြသည်။ သေပြီးလျက် အစာလာ၍စားဦးမည်ဟု ခွက်နှင့်ထမင်းကို အလောင်းအပါးတွင် တည်ထားကြသည်။ သေသော စုတိစိတ်အဆုံး၌ ပဋိသန္ဓေစိတ်ဖြစ်၍ ဘ၀ ခြားလေပြီဖြစ်လျက် အိမ်မှာခုနှစ်ရက် နေခြင်း စသည်ကို အဘယ်သို့ ပြုပြင်ရှာအံ့နည်း။ ပစ္စုပ္ဖန် ဘ၀အဆုံး  သေခြင်း၊ စုတိစိတ်ဖြစ်၍ ချုပ်သည်၏အခြားမဲ့၌ ပဋိသန္ဓေစိတ် ဖြစ်မြဲဖြစ်သည်။ သေခြင်းစုတိစိတ်နှင့် ပဋိသန္ဓေ စိတ်အကြားမရှိ။ ထို့ ကြောင့် သေပြီးသော အသက်ဝိညာဉ်သည် အိမ်တွင်းခုနှစ်ရက်နေပြီးမှ ဘ၀တစ်ပါးသို့  ကူးသွားသည်ဟူသော မှားသောအယူကိုစွန့် ကုန်ရာ၏။ မစွန့် ဟူ၍ အမြဲယူပါက နိယတမိစ္ဆာဒိဌိ ဖြစ်ရာသည်။ ။ {ဩ၀ါဒပေါင်းချုပ် (မင်းနန်) မော်ကျွန်းကို ကိုးကားရေးသားပူဇော်ပါသည်။}      (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်                      ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)   

ไม่มีความคิดเห็น:

แสดงความคิดเห็น