วันเสาร์ที่ 2 พฤษภาคม พ.ศ. 2558

ဗြိတိန်တော်ဝင်မင်းသား ၀ီလျံ၏ကြင်ရာတော် သမီးတော်လေး မွေးဖွား ========= လန်ဒန်− ဗြိတိန်တော်ဝင်မင်းသား ၀ီလျံ၏ ကြင်ရာတော်ဖြစ်သူ ကိတ်မစ်ဒယ်တန်သည် မေ ၂ ရက် နံနက် ၈ နာရီ ၃၄ မိနစ်တွင် သမီးတော်လေး မွေးဖွားခဲ့သည်ဟု ဗြိတိန် Kensington နန်းတော်က ကြေညာသည်။ ထီးနန်းဆက်ခံရန် လေးဦးမြောက်နေရာတွင်ရှိသော ယင်းကလေးငယ်မှာ ကိုယ်အလေးချိန် ၈ ပေါင် ၃ အောင်စရှိပြီး မိခင်ရော ကလေးပါ ကျန်းမာကြသည်ဟု နန်းတော်က ကြေညာခဲ့သည်။ မင်းသားဝီလျံ၏ ကြင်ရာတော် ကိတ်မှာ မေလ ၂ ရက် နံနက် ၆ နာရီခန့်တွင် ခင်ပွန်းနှင့်အတူ လန်ဒန်မြို့ စိန့်မေရီ ဆေးရုံ Lindo Wing သီးသန့်အဆောင်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ မင်းသား ၀ီလျံ၏ အကြီးဆုံးသားဖြစ်သော မင်းသားလေး ဂျော့ခ်ျကိုလည်း ယင်းဆေးရုံ၌ပင် မွေးဖွားခဲ့သည်။ မင်းသားဂျော့ခ်ျကို ၂၀၁၃ ဇူလိုင်တွင် မွေးဖွားခဲ့ခြင်းဖြစ်သည်။ မင်းသားဝီလျံကိုလည်း ယင်းဆေးရုံ၌ပင် မွေးဖွားခဲ့ကြောင်း သိရသည်။ ဗြိတိန်ဘုရင်မကြီး၏ သားတော်ဖြစ်သူ မင်းသားချားလ်စ်က ၎င်း၏ ချွေးမဖြစ်သူ ကိတ်မစ်ဒယ်တန်မှာ သမီးကလေး မွေးဖွားပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း ဧပြီ ၃၀ ရက်တွင် ပြောကြားခဲ့သည်။ —Ref: BBC 

ไม่มีความคิดเห็น:

แสดงความคิดเห็น